အန္တရာယ်ကင်းရှင်းရေး ကိရိယာများနှင့် မူဝါဒများ
အန္တရာယ်ကင်းရှင်းရေးအတွက် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ကိုယ်စီရှိကြပြီး ကျွန်ုပ်တို့အားလုံး အပြန်အလှန်ဆွေးနွေးတိုင်ပင်ရမည့်အရာ တစ်ခုဖြစ်ပါသည်။ အန္တရာယ်ကင်းရှင်းရေးအတွက် Meta ၏ ချဉ်းကပ်ပုံနည်းလမ်းနှင့် သင်အသုံးပြုနိုင်မည့် ကိရိယာနှင့် အရင်းအမြစ်များအကြောင်းကို လေ့လာပါ။
အွန်လိုင်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး
ကလေးသူငယ်များကို အွန်လိုင်းပေါ်တွင် အမြတ်ထုတ်ခြင်းကို တိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို့၏ အားစိုက်ထုတ်မှုများအပါအဝင် ကျွန်ုပ်တို့၏ နည်းပညာဖန်တီးမှုများအနှံ့ ကလေးသူငယ်အန္တရာယ်ကင်းရှင်းရေးအတွက် Meta ၏ ကျယ်ပြန့်သောချဥ်းကပ်မှုနည်းလမ်းအကြောင်း လေ့လာလိုက်ပါ။
စိတ်ကျန်းမာရေးနှင့် ချမ်းသာသုခ
အွန်လိုင်း ချမ်းသာသုခသည် အလုံးစုံချမ်းသာသုခအတွက် တဖြည်းဖြည်း အရေးပါလာပါသည်။ သင့်ကိုယ်တိုင်၊ သင့်မိသားစုနှင့် သင့်အသိုင်းအဝိုင်းရှိ အခြားသူများအတွက် ဒစ်ဂျစ်တယ် ချမ်းသာသုခကို ပံ့ပိုးပေးသည့် ကိရိယာများနှင့် အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
အနိုင်ကျင့်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်း
Meta သည် အနိုင်ကျင့်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်းကို အလေးအနက်ထား၍ တိုင်ကြားမှုများ ပြုလုပ်ပါသည်။ အနိုင်ကျင့်ခြင်း ကာကွယ်တားဆီးရေး၊ အတွင်းရေးဓာတ်ပုံဆိုင်ရာ အလွဲသုံးစားပြုမှုနှင့်ပတ်သက်သော ကိရိယာများနှင့် ကျွမ်းကျင်သူကျောထောက်နောက်ခံပြု အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
အိုင်တီနှင့်အင်တာနက် တတ်မြောက်မှု
Meta တွင် သင်ယူလေ့လာသူများအနေဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာ၌ ရှင်သန်နိုင်ရန်လိုအပ်သော ကျွမ်းကျင်မှုများနှင့် အသိပညာများရယူနိုင်စေရန်အတွက် အိုင်တီနှင့်အင်တာနက် တတ်မြောက်မှုအရင်းအမြစ်များရှိပါသည်။ လူငယ်များ၊ မိဘများနှင့် ပညာသင်ကြားပေးသူများအတွက် နေရာဒေသအလိုက် လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ထားသော အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
အတွင်းရေးဓာတ်ပုံအလွဲသုံးစားပြုမှုနှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း
Meta သည် သဘောတူညီချက်မရှိသည့် အတွင်းရေး ဓာတ်ပုံများ (NCII) အား မျှဝေခြင်းကို တင်းကြပ်စွာ တားမြစ်ထားပါသည်။ သင်၏ ကိုယ်ရေးကိုယ်တာဓာတ်ပုံများကို တစ်စုံတစ်ဦးက မျှဝေခြင်း သို့မဟုတ် တစ်စုံတစ်ဦးမှ ဤသို့လုပ်ဆောင်ရန် ခြိမ်းခြောက်ခြင်းကြောင့် သင်သည် မတရားအမြတ်ထုတ်ခြင်းခံရပါက မည်ကဲ့သို့ ချက်ချင်း အရေးယူဆောင်ရွက်ရမည်ကို ဤစာမျက်နှာတွင် ရှင်းပြထားပါသည်။
မူးယစ်ဆေးဝါး လွဲမှားစွာအသုံးပြုမှုနှင့် အလွဲသုံစားပြုမှု
ဤအရင်းအမြစ်များသည် မူးယစ်ဆေဝါးအသုံးပြုမှု ကာကွယ်တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သည့် အကူအညီများနှင့် အချက်အလက်များရယူရန် ကြိုးစားနေသူများအတွက်ဖြစ်ပြီး ဤအရင်းအမြစ်များကို Partnership to End Addiction နှင့် Song for Charle တို့နှင့်ပူးပေါင်း၍ ဖန်တီးထားခြင်းဖြစ်ပါသည်။
အမျိုးသမီးများ
ကျွန်ုပ်တို့၏ ပလက်ဖောင်းများကို အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံသော နေရာတစ်ခုအဖြစ် ဖန်တီးရန်အတွက် Meta ၏ ကျယ်ပြန့်သော ချဉ်းကပ်မှုနည်းလမ်းအကြောင်းကို လေ့လာပါ။
LGBTQ+
LGBTQ+ အသိုင်းအဝိုင်းသည် Meta အသိုင်းအဝိုင်း၏ အမြဲတမ်း အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ LGBTQ+ အွန်လိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် သက်ဆိုင်သော ကူညီပံ့ပိုးမှုနှင့် အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
မိဘများ
Meta တွင် အွန်လိုင်းပေါ်ရှိ လူငယ်များ၏ အန္တရာယ်ကင်းရှင်းရေးနှင့် ချမ်းသာသုခကို ကာကွယ်ပေးရန်အတွက် ကျွန်ုပ်တို့အနေဖြင့် မိဘများနှင့် ပြုစုစောင့်ရှောက်ပေးသူများကို မူဝါဒများ၊ အရင်းအမြစ်များနှင့် ကိရိယာများ ပံ့ပိုးပေးပါသည်။
လူငယ်များ အန္တရာယ်ကင်းရှင်းရေး
လူငယ်များ ဘေးကင်းလုံခြုံစွာနေထိုင်ဖို့ ပညာပေးရန်နှင့် အားပေးမြှင့်တင်ရန်၊ သူတို့၏ ချမ်းသာသုခကို ဦးစားပေးရန်၊ အပြုသဘောဆောင်သော ပြောင်းလဲမှုကို ဖန်တီးရန်သာမက အနိုင်ကျင့်ခြင်း သို့မဟုတ် မိမိကိုယ်ကိုသေကြောင်းကြံမည့်အတွေးများကြောင့် ရုန်းကန်နေရသူများကို တားဆီးရန် သို့မဟုတ် တုန့်ပြန်ရန် Meta ၏ ကိရိယာများနှင့် အရင်းအမြစ်များအကြောင်းလေ့လာပါ။
ပညာသင်ကြားပေးသူများ
ကျောင်းသားများအနေဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာ၌ ရှင်သန်တိုးတက်နိုင်ရန်လိုအပ်သော ကျွမ်းကျင်မှုများနှင့် အသိပညာများရယူနိုင်စေရန်အတွက် မည်ကဲ့သို့ ကူညီပေးနိုင်မည်ကို လေ့လာပါ။
ဥပဒေစိုးမိုးရေး
Meta သည် အွန်လိုင်းနှင့် လက်တွေ့ကမ္ဘာ နှစ်ခုလုံးတို့တွင် အန္တရာယ်ကင်းရှင်းရေးကို မြှင့်တင်ရန်အတွက် သန္နိဋ္ဌာန်ချထားပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေး၊ ဥပဒေစိုးမိုးရေးအဖွဲ့အတွက် လမ်းညွှန်ချက်များ နှင့် အခြား အထောက်အပံ့အရင်းအမြစ်များအကြောင်း ဖတ်ရှုလေ့လာပါ။
သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့် လူသိများသောပုဂ္ဂိုလ်များ
ဂျာနယ်လစ်များ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် လူသိများသောပုဂ္ဂိုလ်များအတွက် လုံခြုံစိတ်ချရသော အသုံးပြုမှုအတွေ့အကြုံကို ရရှိစေရန် Meta မှ မည်ကဲ့သို့ ပံ့ပိုးကူညီသည်ကို လေ့လာပါ။
ဘေးအန္တရာယ်ဆိုင်ရာ ကူညီပံ့ပိုးရေး အရင်းအမြစ်များ
အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်လာပါက သင်တစ်ဦးတည်း ဖြေရှင်းဖို့မလိုကြောင်းကို မှတ်ထားပေးပါ။ ဤသည်မှာ သင့်အနေဖြင့် အရေးပေါ် ကျွမ်းကျင်သူထံမှ ကူညီပံ့ပိုးမှုရယူရာတွင် အထောက်အကူပြုသော အရင်းအမြစ်များ ဖြစ်ပါသည်။
အန္တရာယ်ကင်းရှင်းရေး မိတ်ဖက်များ
အွန်လိုင်း အန္တရာယ်ကင်းရှင်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာနှင့် ပြီးပြည့်စုံသော တုံ့ပြန်မှု လိုအပ်သောကြောင့် ကျွန်ုပ်တို့တစ်ဦးတည်းသာ ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ ချဉ်းကပ်မှုကို အသိပေးရန်အတွက် Meta သည် ကမ္ဘာတစ်ဝှမ်းရှိ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ပါသည်။

ပညာသင်ကြားပေးသူများ

ကျောင်းသားများ နည်းပညာကို ဘေးကင်းစွာ၊ တာဝန်ယူမှုရှိစွာနှင့် အပြုသဘောဆောင်စွာ အသုံးပြုနိုင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများမှ အရင်းအမြစ်များနှင့် အကြံပြုချက်များ။

ခြုံငုံသုံးသပ်ချက်

သင်သည် ပညာသင်ကြားပေးသူတစ်ဦးဖြစ်သည့်အတွက် ကျောင်းသားများ ဒစ်ဂျစ်တယ်ကမ္ဘာ၌ ရှင်သန်တိုးတက်နိုင်ရန်လိုအပ်သော ကျွမ်းကျင်မှုများနှင့် အသိပညာများရယူနိုင်စေရန် ကူညီပေးရမည့် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်းဟူ၍ မရှိကြောင်း Meta (ကျွန်ုပ်တို့) နားလည်ပါသည်။ သင့်ကျောင်းသားများ အရည်အချင်းရှိပြီး တာဝန်ယူမှုရှိသော ဒစ်ဂျစ်တယ်နိုင်ငံသားများ ဖြစ်လာရေးတွင် သင့်အနေဖြင့် လမ်းညွှန်ပေးရာတွင် အထောက်အကူဖြစ်စေရန်အတွက် အိုင်တီနှင့်အင်တာနက် တတ်မြောက်မှု အခမဲ့အရင်းအမြစ်များကို ကျွန်ုပ်တို့ စုစည်းထားပါသည်။ ထို့အပြင် ပညာသင်ကြားပေးသူများအတွက် သီးသန့်စီစဉ်ထားသည့် အနိုင်ကျင့်ခြင်း၊ ကိုယ့်ကိုယ်ကိုသတ်သေမှု ကာကွယ်တားဆီးရေးနှင့် အလိုမတူဘဲရထားသော ဓာတ်ပုံများမျှဝေခြင်း စသည့် ကျွမ်းကျင်သူများမှ ထောက်ခံထားသည့် အရင်းအမြစ်များကဲ့သို့သော အကြောင်းအရာများ အချက်အလက်များနှင့်လည်း သင့်အား ချိတ်ဆက်ပေးပါသည်။

ဒစ်ဂျစ်တယ် နိုင်ငံသားဖြစ်မှုနှင့် ချမ်းသာသုခ မဏ္ဍိုင်များ

သင့်ကျောင်းသားများအား အဓိကကျသော ဒစ်ဂျစ်တယ် နိုင်ငံသားဖြစ်မှုနှင့် ချမ်းသာသုခ ကျွမ်းကျင်မှုများ သင်ယူလေ့လာရာတွင် အထောက်အကူဖြစ်စေရန် မဏ္ဍိုင်ငါးခုမှ အကြောင်းအရာတစ်ခုစီအတွက် အဆင်သင့်အသုံးပြုနိုင်သော သင်ခန်းစာများ၊ လှုပ်ရှားဆောင်ရွက်မှုများ၊ ဗီဒီယိုများနှင့် အရင်းအမြစ်များကို ကျွန်ုပ်တို့ ဖန်တီးထားပါသည် -

  • ဒစ်ဂျစ်တယ် အခြေခံသင်တန်းများ - ကိုယ်ရေးအချက်အလက်များနှင့် ဒေတာများကို ကာကွယ်ရန် အခြေခံကျသော ကျွမ်းကျင်မှုများကို အသုံးပြုခြင်း
  • ဒစ်ဂျစ်တယ် ကျန်းမာရေး - နည်းပညာကို အသုံးပြုစဉ် ကျန်းမာရေး၊ ချမ်းသာသုခနှင့် ကြံ့ကြံ့ခံနိုင်မှုတို့ကို မြှင့်တင်ခြင်း
  • ဒစ်ဂျစ်တယ် ထိတွေ့မှု - မီဒီယာ မူလရင်းမြစ်များကို ချင့်ချိန်သုံးသပ်ပြီး လုံခြုံသော၊ လူတိုင်းပါဝင်နိုင်သော အသိုင်းအဝိုင်းများကို တည်ဆောက်ခြင်း
  • ဒစ်ဂျစ်တယ် စွမ်းဆောင်ရည်မြှင့်တင်မှု - အပြုသဘောဆောင်သော ပြောင်းလဲမှုဖန်တီးရန် နည်းပညာနှင့် လူမှုကွန်ရက်တို့၏ စွမ်းအားကို အသုံးပြုခြင်း
  • ဒစ်ဂျစ်တယ် အခွင့်အလမ်းများ - နည်းပညာနယ်ပယ်တွင် အနာဂတ်အလုပ်အကိုင်များအတွက် ကြိုတင်ပြင်ဆင်ရန် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို တည်ဆောက်ခြင်း

Get Digital မှ အရင်းအမြစ်များကို အသုံးချခြင်း။

Get Digital သည် Meta ၏ အဓိကကျသော ဒစ်ဂျစ်တယ် နိုင်ငံသားဖြစ်မှုနှင့် ချမ်းသာသုခ အစီအစဉ်ဖြစ်ပါသည်။ ၎င်းတွင် ကျွန်ုပ်တို့၏ မဏ္ဍိုင် ငါးခုမှ တစ်ခုစီအတွက် သင်ခန်းစာ အစီအစဉ်များ ပါဝင်ပါသည်။ ကျောင်းသားများနှင့် မိဘများ အိမ်တွင် လေ့လာနိုင်ရန်အတွက်လည်း အရင်းအမြစ်များကို သင်မျှဝေနိုင်ပါသည်။

My Digital World မှ အရင်းအမြစ်များကို အသုံးပြုခြင်း။

ဤလက်လှမ်းမီနိုင်သော သင်ယူမှု သင်ခန်းစာများကို ဆာဟာရတောင်ပိုင်းအာဖရိကနှင့် MENA (အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက) ဒေသများမှ ပညာသင်ကြားပေးသူများအတွက် ဒီဇိုင်းဆွဲထားခြင်း ဖြစ်ပါသည်။ ဤအစီအစဉ်ကို နည်းပညာအဆင့်မြင့်သည့် ပတ်ဝန်းကျင်နှင့် နည်းပညာအဆင့်နိမ့်သည့် ပတ်ဝန်းကျင် နှစ်ခုလုံးတို့တွင် သင်ရိုးညွှန်းတမ်းအပြည့်အဖြစ်သော်လည်ကောင်း၊ သီးခြားသင်ခန်းစာများအဖြစ်လည်းကောင်း သင်ကြားပေးနိုင်ပါသည်။

We Think Digital မှ အရင်းအမြစ်များသို့ သွားရောက်လေ့လာပါ။

ဤအစီအစဉ်တွင် ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်မှု၊ စာနာမှုနှင့် လေးစားသမှုရှိသည့် ဒစ်ဂျစ်တယ် ရေးသားဖော်ထုတ်ချက်တို့၏ အရေးပါမှုကို အသားပေးဖော်ပြထားပါသည်။ ဒေသဆိုင်ရာ အရင်းအမြစ်များ ဖန်တီးရာတွင် Meta အား ကူညီပံ့ပိုးပေးခဲ့သော APAC (အာရှပစိဖိတ်) ဒေသတစ်လျှောက်မှ ပညာရှင်များ၊ NGO များ၊ ကျွမ်းကျင်သူများနှင့် လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းများ။ အကြောင်းအရာများတွင် ကိုယ်ရေးလုံခြုံမှု၊ အန္တရာယ်ကင်းရှင်းရေးနှင့် အပြုသဘောဆောင်သော ဒစ်ဂျစ်တယ်ခြေရာ ချန်ထားခြင်းတို့ ပါဝင်ပါသည်။

Soy Digital မှ အရင်းအမြစ်များကို ရှာဖွေလေ့လာပါ။

Soy Digital သည် လက်တင်အမေရိကနှင့် ကာရေဘီယံတစ်လျှောက်တွင် ဒစ်ဂျစ်တယ် နိုင်ငံသားဖြစ်မှုကို မြှင့်တင်ပေးပါသည်။ ဤအစီအစဉ်သည် ဒေသမိတ်ဖက်များနှင့် ပူးပေါင်းဖန်တီးရေးဆွဲထားသော သင်ထောက်ကူပစ္စည်းများနှင့် ဤဒေသမှ သင်ယူလေ့လာသူများ၏ တိကျသော လိုအပ်ချက်များအတိုင်း လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ထားသည့် သင်ထောက်ကူပစ္စည်းများကို ကူညီပံ့ပိုးပေးပါသည်။ အရင်းအမြစ်မျာကို ကိုယ်ပိုင်အချိန်ဇယားအတိုင်း သင်ယူလေ့လာနိုင်ပြီး plug-and-play ပုံစံဖြင့်လည်း အသုံးပြုနိုင်ပါသည်။

အရင်းအမြစ်များကို မိဘများနှင့် မျှဝေပါ။

မိဘများအနေဖြင့် သူတို့၏ကလေးအား မည်သို့မည်ပုံ ကူညီပံ့ပိုးနိုင်ရေး နည်းလမ်းအတွက် သင့်လမ်းညွှန်မှုကို ရယူလိုပါက ကျွန်ုပ်တို့၏ မိသားစုစင်တာပညာရေး ဗဟိုကို မျှဝေနိုင်ပါသည်။ ၎င်းတွင် အွန်လိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် ကျွမ်းကျင်သူများမှ ထောက်ခံထားသော အကြံပြုချက်များ၊ မီဒီယာအသုံးချ ကျွမ်းကျင်မှုနှင့် ဒစ်ဂျစ်တယ်ကျန်းမာရေး အကြောင်းအရာများ ပါဝင်ပါသည်။

အလားတူစာမျက်နှာများ

အနိုင်ကျင့်မှု ကြိုတင်ကာကွယ်ခြင်း

အန္တရာယ်အခြေအနေတွင်ရှိနေသော ကျောင်းသားများအား ဖေးမကူညီခြင်း

ပညာသင်ကြားပေးသူများအတွက် 'လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း'

အနိုင်ကျင့်မှု ကြိုတင်ကာကွယ်ခြင်း

သင်သည် ပညာသင်ကြားပေးသူတစ်ဦးဖြစ်သည့်အလျောက် သင့်ကျောင်းသားများ ရှင်သန်တိုးတက်နိုင်သည့် အန္တရာယ်ကင်းသော ပတ်ဝန်းကျင်တစ်ခုကို ထိန်းသိမ်းထားရှိပေးခြင်းသည် အရေးကြီးကြောင်းကို သင်နားလည်မည်ဖြစ်ပါသည်။ ပညာသင်ကြားပေးသူများ၊ မိဘများ၊ ဆယ်ကျော်သက်မျာအတွက် အနိုင်ကျင့်ခြင်း ကာကွယ်တားဆီးရေးနှင့်ပတ်သက်သော ကျွမ်းကျင်သူများ၏ အရင်းအမြစ်များနှင့် အကြံပြုချက်များကို ရှာဖွေပါ။

အနိုင်ကျင့်မှု ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အရင်းအမြစ်များ

အန္တရာယ်အခြေအနေတွင်ရှိနေသော ကျောင်းသားများအား ဖေးမကူညီခြင်း

ကမ္ဘာတစ်လွှားမှလူငယ်များ သေဆုံးနေရသည့် အကြောင်းရင်းတစ်ရပ်မှာ မိမိကိုယ်ကိုသေကြောင်းကြံမှုဖြစ်ပါသည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ပညာသင်ကြားပေးသူများအတွက် ဖန်တီးရေးဆွဲထားသော အချက်အလက်များနှင့် ကျွမ်းကျင်သူထံမှ အရင်းအမြစ်များကို ရှာဖွေပါ။

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု ကာကွယ်တားဆီးရေးအတွက် အရင်းအမြစ်များ

ပညာသင်ကြားပေးသူများအတွက် 'လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း'

သင်သည် ကျောင်းသားများ၏ ဘဝတွင် အရေးကြီးသောကဏ္ဍ၌ ပါဝင်နေပါသည်။ ခြိမ်းခြောက်မှုအန္တရာယ်အသစ်များ ပေါ်ထွက်လာသည်နှင့်အမျှ ထိုဖြစ်ပေါ်လာသောအခြေအနေများ၏ ရှေ့တွင်ခြေတစ်လှမ်းသာနေဖို့ အရေးကြီးပါသည်။ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းကဲ့သို့သော အခြေအနေမျိုးသို့ ကျရောက်ခြင်းမှ သင့်ကျောင်းသားများ ရှောင်ရှားနိုင်စေရန်အတွက် သင်လုပ်ဆောင်နိုင်သည့် အရာအချို့ရှိပါသည်။

သင်လုပ်ဆောင်ရမည့် နောက်ထပ်အဆင့်များ - ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ပိုမိုလေ့လာပါ၊ ပြောဆိုဆွေးနွေးပါ။

ပညာသင်ကြားပေးသူများအတွက် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းနှင့်ပတ်သက်သည့် အရင်းအမြစ်များ

ဆက်စပ်အရင်းအမြစ်များ

Facebook Tips for Spotting False News

ပိုမိုဖတ်ရှုမယ်

Facebook Tips for Spotting False News

ပိုမိုဖတ်ရှုမယ်

Facebook Tips for Spotting False News

ပိုမိုဖတ်ရှုမယ်

Meta လိုဂိုတံဆိပ်၊ ပင်မစာမျက်နှာလင့်ခ်

ကျွန်ုပ်တို့ကို စောင့်ကြည့်ပါ

facebook အိုင်ကွန်
Instagram အိုင်ကွန်
YouTube အိုင်ကွန်
Twitter အိုင်ကွန်
LinkedIn အိုင်ကွန်
အန္တရာယ်ကင်းရှင်းရေး ကိရိယာများနှင့် မူဝါဒများကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးစိတ်ကျန်းမာရေးနှင့် ချမ်းသာသုခကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှု တားဆီးရေးအနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းအိုင်တီနှင့်အင်တာနက် တတ်မြောက်မှု