လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းဆိုသည်မှာ သင်ဆန္ဒမရှိသောအရာများကို လုပ်ဆောင်စေရေးအတွက် ဖိအားပေးရန် အတွင်းရေးဓာတ်ပုံများ ဖော်ထုတ်မည်ဟု ခြိမ်းခြောက်ခြင်း ဖြစ်ပါသည်။ သဘောတူညီချက်မပါဘဲ အတွင်းရေးဓာတ်ပုံများအား မျှဝေခြင်း သို့မဟုတ် မျှဝေရန် ခြိမ်းခြောက်ခြင်းသည် Meta ၏ မူဝါဒများနှင့် ဆန့်ကျင်နေပါသည်။ မည်သူတစ်ဦးတစ်ယောက်မှ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းကို ဘယ်သောအခါမှ မတွေ့ကြုံရသင့်ပါ။ ဤကဲ့သို့ အပြုအမူကို ကျွန်ုပ်တို့ တားဆီးရန် လုပ်ဆောင်ပြီး ကျွန်ုပ်တို့သတိပြုမိသည့်အခါတွင် အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်ပါသည်။ ဤစာမျက်နှာတွင် အလွဲသုံးစားပြုမှုကို ကျွန်ုပ်တို့ တိုက်ဖျက်ရန် ဆောင်ရွက်ပုံနှင့် သင့်တွင် ဤကဲ့သို့ဖြစ်ပေါ်ပါက သင့်အနေဖြင့် မည်ကဲ့သို့ ချက်ချင်းအရေးယူဆောင်ရွက်နိုင်သည်နှင့်ပတ်သက်သော အချက်အလက်များ ပါရှိပါသည်။
တစ်စုံတစ်ဦးသည် သင်မလိုလားသော တစ်စုံတစ်ရာ ဥပမာအနေဖြင့် ပိုက်ဆံပို့ရန်၊ နောက်ထပ်ဓာတ်ပုံများပေးပို့ရန် သို့မဟုတ် လိင်ဆက်ဆံရန်အတွက် ခြိမ်းခြောက်သည့်အနေဖြင့် ကိုယ်ရေးကိုယ်တာ အတွင်းရေးဓာတ်ပုံတစ်ပုံကို အသုံးပြုဖို့ ကြိုးပမ်းပါက ၎င်းသည် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းဟုခေါ်ဆိုသော ပြစ်မှုမြောက်ပါသည်။ ဤအလွဲသုံးစားပြုမှုကို တားဆီးချေမှုန်းတိုက်ဖျက်၍ ဤပြစ်မှုကျူးလွန်သူများ အန္တရာယ်ပေးခြင်းမှ တားဆီးရန် အကာအကွယ်များနှင့် နည်းပညာတို့ကို ကျွန်ုပ်တို့ ဖန်တီးတည်ဆောက်ထားပါသည်။
ကျွန်ုပ်တို့တွင် တစ်စုံတစ်ဦး၏ အတွင်းရေးဓာတ်ပုံများကို မျှဝေခြင်း သို့မဟုတ် မျှဝေရန် ခြိမ်းခြောက်ခြင်းအပါအဝင် လူများကို အလွဲသုံးစားပြုလုပ်သည့် အကြောင်းအရာ သို့မဟုတ် အပြုအမူကို ဆန့်ကျင်သော တင်းကျပ်သည့် စည်းမျဉ်းများရှိပါသည်။ ကျွန်ုပ်တို့၏ စည်းမျဉ်းများကို ဖောက်ဖျက်သည်ဟု ယူဆသော အကြောင်းအရာကို တွေ့ရှိသူ မည်သူမဆို ၎င်းကို တိုင်ကြားရန် အားပေးတိုက်တွန်းလိုပြီး တစ်စုံတစ်ဦးသည် အမြင်မတော်သောဓာတ်ပုံများကို မျှဝေနေပါက ကျွန်ုပ်တို့အနေဖြင့် သီးသန့်တိုင်ကြားရန်ရွေးချယ်စရာကို အသုံးပြုဖို့ထားရှိပါသည်။ ဤအကြောင်းအရာကို ကျွန်ုပ်တို့ သတိပြုမိလာပါက အရေးယူဆောင်ရွက်ရန် လုပ်ဆောင်ပါသည်။
ကျွန်ုပ်တို့တွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းကို ချေမှုန်းတိုက်ဖျက်ရန် အလုပ်လုပ်သော အထူးသီးသန့်အဖွဲ့များရှိပါသည်။ ဤအပြုအမူနှင့်ဆက်စပ်နေသည့် ပုံနမူနာများကို ကျွန်ုပ်တို့ ဖော်ထုတ်ပြီး ဤအကောင့်များကို အတိုင်းအတာတစ်ခုအထိ ထောက်လှမ်းဖယ်ရှားရန် အလိုအလျောက် စနစ်များကို ဖန်တီးတည်ဆောက်ထားပါသည်။ ဤပြစ်မှုကျူးလွန်သူများကို စုံစမ်းစစ်ဆေး၍ ဖယ်ရှားရန်အတွက် သီးသန့်အဖွဲ့များကိုလည်း ထားရှိပြီး လိုအပ်ပါက ဥပဒေစိုးမိုးရေးအပြင် ပျောက်ဆုံးကလေးငယ်များနှင့် အမြတ်ထုတ်ခံရသော ကလေးငယ်များအတွက် အမျိုးသားစင်တာ (NCMEC) အပါအဝင် အာဏာပိုင်များထံ ထိုသူများကို တိုင်ကြားပါသည်။ ကျွန်ုပ်တို့သည် NCMEC အပြင် နိုင်ငံတကာတရားမျှတရေးအဖွဲ့ကဲ့သို့ မိတ်ဖက်များနှင့်အတူ ဤကဲ့သို့အမှုအမျိုးအစားများကို ဖော်ထုတ်ရန်၊ စုံစမ်းစစ်ဆေးရန်နှင့် တုံ့ပြန်ရန်အတွက် ကမ္ဘာတစ်ဝှမ်းရှိ ဥပဒေစိုးမိုးရေးကို ကူညီလေ့ကျင့်ပေးရန် ပူးပေါင်းဆောင်ရွက်ပါသည်။
ကျွန်ုပ်တို့သည် မလိုလားအပ်သောအဆက်အသွယ်၊ အထူးသဖြင့် အရွယ်ရောက်ပြီးသူများနှင့် ဆယ်ကျော်သက်များကြား အဆက်အသွယ်ကို တားဆီးခြင်းဖြင့် လူများအား လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းမှကာကွယ်ရန် လုပ်ဆောင်ပါသည်။ ဤအရာကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ပါသည် -
ကျွန်ုပ်တို့သည် အချို့သော အရွယ်ရောက်ပြီးသူများက ဆယ်ကျော်သက်များနှင့် တုံ့ပြန်ဆက်သွယ်သည့်အခါ ဆယ်ကျော်သက်များကို ပညာပေးပါသည်။
ကမ္ဘာတစ်ဝန်း လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းကို ချေမှုန်းတိုက်ဖျက်ရန် ကျွန်ုပ်တို့သည် ကျွမ်းကျင်သောမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုထားပြီး ဤလုပ်ငန်းတွင် နှစ်ပေါင်းများစွာတိုင်အောင် နှစ်မြှုပ်ရင်းနှီးထားပါသည်။
Instagram နှင့် Facebook သည် Take It Down ကို တည်ထောင်သူအဖွဲ့ဝင်များဖြစ်ပြီး ၎င်းသည် AI ဖန်တီးထားသောအကြောင်းအရာအပြင် လူငယ်များ၏ အတွင်းရေးဓာတ်ပုံများ အွန်လိုင်းတွင် ပျံ့နှံ့ခြင်းမှ ကြိုတင်ကာကွယ်မှုပြုလုပ်ရန်အတွက် NCMEC ၏ ပလက်ဖောင်းတစ်ခုလည်းဖြစ်သည်။ အရွယ်ရောက်ပြီးသူများမှ သူတို့၏ အတွင်းရေးဓာတ်ပုံများအား အွန်လိုင်းပေါ်တွင် ပျံ့နှံ့စေခြင်းကို တားဆီးရာတွင် အထောက်အကူဖြစ်စေရန် ကျွန်ုပ်တို့ ဖန်တီးထားသည့် ပလက်ဖောင်းတစ်ခုဖြစ်သော StopNCII.org ၏ အောင်မြင်မှုကို တည်ဆောက်ခြင်းတွင် Take It Down ကြီးထွားလာစေဖို့ ကျွန်ုပ်တို့သည် NCMEC ကို ငွေကြေးအားဖြင့် ပံ့ပိုးမှုပေးခဲ့ပါသည်။ လူများက အကြောင်းအရာချိုးဖောက်မှုဖြစ်နိုင်ခြေရှိကြောင်း တိုင်ကြားလာသည့်အခါ ကျွန်ုပ်တို့၏ အက်ပ်များပေါ်တွင် Take It Down နှင့် StopNCII နှစ်ခုစလုံးကို အလွယ်တကူဝင်ရောက်အသုံးပြုနိုင်အောင် ပြုလုပ်ထားပါသည်။
ကျွန်ုပ်တို့သည် လူများ သူတို့၏ ကိုယ်ပိုင်သက်ဝင်ခံစားမှုကို ထိန်းချုပ်နိုင်စေရန် နည်းလမ်းများကိုလည်း တီထွင်ဖန်တီးပေးထားပါသည်။ ဥပမာ - သူတို့ထံ မက်ဆေ့ပေးပို့နိုင်သူများကို ရွေးချယ်နိုင်သလို သူတို့မကြားမသိလိုသူတိုင်းကို ပိတ်ပင်နိုင်ပါသည်။ ကျွန်ုပ်တို့၏ စည်းမျဉ်းများကို ဖောက်ဖျက်သည်ဟု လူအများ ယူဆသော အကြောင်းအရာကို တိုင်ကြားဖို့ အားပေးတိုက်တွန်းပြီး ဆယ်ကျော်သက်များမှ တစ်စုံတစ်ဦးကို ပိတ်ပင်သည့်အခါမျိုးတွင်ကဲ့သို့ သင့်လျော်သောအချိန်အခိုက်အတံ့များတွင်လည်း တိုင်ကြားဖို့ သူတို့ကို တောင်းဆိုပါသည်။
ကျွန်ုပ်တို့၏ အက်ပ်များတစ်လျှောက် ဆယ်ကျော်သက်များနှင့် မိသားစုများ၏ အန္တရာယ်ကင်းရှင်းရေးကို ပံ့ပိုးပေးနိုင်ရန် လုပ်ဆောင်ချက်များနှင့် ကိရိယာပေါင်း ၃၀ ကျော်ကို ကျွန်ုပ်တို့ တီထွင်ဖန်တီးထားပြီး ၎င်းတို့တွင် မိဘများနှင့် အုပ်ထိန်းသူများအတွက် အုပ်ထိန်းမှု ကိရိယာများသာမက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းအကြောင်း အထူးပညာရေးနှင့် အရင်းအမြစ်များလည်း ပါဝင်ပါသည်။ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းနှင့်ဆက်စပ်သော ပံ့ပိုးကူညီမှုနှင့် အချက်အလက်ကို ရှာဖွေနေသူ မည်သူမဆို Thornနှင့်အတူ တီထွင်ဖန်တီးထားသည့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း ပပျောက်ရေးအရင်းအမြစ်များအပါအဝင် ကျွန်ုပ်တို့၏ ပညာရေးနှင့် သိရှိမှု အရင်းအမြစ်များကိုလည်း ဝင်ကြည့်နိုင်ပါသည်။
လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းနှင့်ဆိုင်သော အရင်းအမြစ်များသည် ပံ့ပိုးကူညီမှုနှင့် အချက်အလက်များ ရှာဖွေနေသူများအတွက် အကူအညီဖြစ်စေပါသည်။ သင် သို့မဟုတ် သူငယ်ချင်းတစ်ဦးမှ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း တွေ့ကြုံနေရပါက သင့်အနေဖြင့် ချက်ချင်းအရေးယူဆောင်ရွက်နိုင်သည့် လုပ်ဆောင်ချက်များအပြင် ဆယ်ကျော်သက်များ၊ မိဘများနှင့် အုပ်ထိန်းသူများအတွက် ကျွမ်းကျင်သူ၏ အကြံပြုချက်များကိုလည်း ဖော်ပြထားပါသည်။
ထပ်ပြီးမျှဝေခံရခြင်းကို တားဆီးရန်အတွက် သင်ကိုယ်တိုင်၏ ဝတ်လစ်စားလစ် သို့မဟုတ် လိင်အသားပေး ဓာတ်ပုံများကိုဖြစ်စေ၊ ဗီဒီယိုများကိုဖြစ်စေ ဤဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများကို မျှဝေရန် ခြိမ်းခြောက်မှုများကိုဖြစ်စေ ကျွန်ုပ်တို့၏ အက်ပ်များ သို့မဟုတ် နည်းပညာများပေါ်တွင် တိုင်ကြားနိုင်ပါသည်။ ကျွန်ုပ်တို့၏ အဖွဲ့များသည် ဘာသာစကားပေါင်း ၇၀ ကျော်ဖြင့် ၂၄ နာရီ ၇ ရက်ပတ်လုံး တိုင်ကြားမှုများကို စိစစ်သုံးသပ်ပြီး ချိုးဖောက်နေသော အကြောင်းအရာနှင့် အပြုအမူကို အရေးယူဆောင်ရွက်ပါမည်။ အောက်ပါလင့်ခ်များဖြင့် တိုင်ကြားပုံကို လေ့လာလိုက်ပါ -
သင့်တွင် သင်ကိုယ်တိုင်၏ ဝတ်လစ်စားလစ် သို့မဟုတ် လိင်အသားပေး ဓာတ်ပုံဖြစ်စေ၊ ဗီဒီယိုဖြစ်စေ ရှိပါက အွန်လိုင်းပေါ်တွင် ၎င်းတို့ မျှဝေခံရခြင်း သို့မဟုတ် ထပ်ပြီးမျှဝေခံရခြင်းမှ ကာကွယ်တားဆီးနိုင်ရန် ကိရိယာများ ရှိပါသည် -
သင့်တွင် အသက် ၁၈ နှစ်ကျော်ပြီးနောက် ရိုက်ကူးထားသော အတွင်းရေး ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုရှိပြီး အွန်လိုင်းပေါ်တွင် မျှဝေခံရမည် သို့မဟုတ် ပြန်မျှဝေခံရမည်ကို စိုးရိမ်ပူပန်ပါက နောက်ထပ်အဆင့်ဆင့်ပြန့်ပွားမှုကို တားဆီးရန်အတွက် StopNCII.orgမှတစ်ဆင့် လုပ်ဆောင်ရန်အဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။
၎င်းကိရိယာတွင် ဓာတ်ပုံတစ်ပုံ၌ သီးခြားဟက်ရှ်တန်ဖိုး (ဂဏန်းကုဒ်တစ်ခု) သတ်မှတ်ပေးပြီး လုံခြုံသော ဒစ်ဂျစ်တယ်လက်ဗွေရာတစ်ခု ဖန်တီးပေးသည့် ဟက်ရှ်ထုတ်ပေးသော နည်းပညာကို အသုံးပြုပါသည်။ StopNCII.org တွင် ပါဝင်နေသော နည်းပညာကုမ္ပဏီများသည် ၎င်းဟက်ရှ်ကို လက်ခံရရှိပြီး သူတို့၏ ပလက်ဖောင်းများပေါ်တွင် တစ်စုံတစ်ဦးသည် ဤဓာတ်ပုံများကို မျှဝေထားပါက သို့မဟုတ် မျှဝေရန်ကြိုးစားနေပါက ရှာဖွေဖော်ထုတ်ရန်အတွက် ၎င်းဟက်ရှ်ကို အသုံးပြုနိုင်ပါသည်။
အသုံးပြုသူများ လုံခြုံမှုရှိစေရန်အတွက် လုပ်ငန်းနယ်ပယ်တစ်လွှား အချက်ပြခြင်းများမျှဝေရန် ကျွန်ုပ်တို့ ဆက်လက်ဆောင်ရွက်လျက်ရှိသလို အင်တာနက်တစ်လွှား သဘောမတူဘဲ အတွင်းကျကျပုံရိပ်မျှဝေခြင်းကို ကူညီဖယ်ရှားရန်အတွက် ထပ်ဆောင်းအဆင့်များကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ အရွယ်ရောက်ပြီးသူများသည် သူတို့၏ သဘောတူညီချက်မပါဘဲ အွန်လိုင်းတွင် သူတို့၏ အတွင်းရေးရုပ်ပုံများ မျှဝေခြင်းမှ ကူညီတားဆီးရန်အတွက် ၎င်းရုပ်ပုံများ၏ ဟက်ရှ်များကို StopNCII.org နှင့် မျှဝေနိုင်ပြီဖြစ်သည်၊ မကြာမီတွင် Meta အက်ပ်များမှ ကျွန်ုပ်တို့ဖယ်ရှားထားသည့် သဘောမတူဘဲ မျှဝေထားသော အတွင်းရေးရုပ်ပုံများ၏ ဟက်ရှ်များကို StopNCII.org မှတစ်ဆင့် အခြားကုမ္ပဏီများနှင့် လုံခြုံစွာမျှဝေရန် ကျွန်ုပ်တို့ စတင်ဆောင်ရွက်ပါမည်။ ဤနည်းဖြင့် တစ်စုံတစ်ဦးက ဟက်ရှ်လုပ်ထားသောရုပ်ပုံကို StopNCII.org သို့ လက်ဦးမှုရယူသည့်အနေဖြင့် သူကိုယ်တိုင် အပ်လုဒ်လုပ်ထားခြင်းမရှိလျှင်ပင် မတူညီသော အွန်လိုင်းပလက်ဖောင်းများတစ်လွှား၌ ဤရုပ်ပုံများပြန်မျှဝေခြင်းကို တားဆီးကာကွယ်ရန် ကျွန်ုပ်တို့အား ကူညီခွင့်ရစေမည်ဖြစ်သည်။
မှတ်ချက် - ကျွန်ုပ်တို့သည် ဤသို့ကြိုးစားအားထုတ်မှုအသစ်ကို လုပ်ငန်းနယ်ပယ်တစ်လွှား ဖြည်းဖြည်းချင်း မိတ်ဆက်ပေးလျက်ရှိသောကြောင့် အရွယ်ရောက်ပြီးသူများအနေဖြင့် StopNCII.org တွင် အမှုကိစ္စရပ်တစ်ခု ဆက်လက်ဖန်တီးရန်မှာ အရေးကြီးလှပါသည်။
ကျွန်ုပ်တို့သည် လူငယ်များကိုလည်း အွန်လိုင်းတွင် ဘေးကင်းလုံခြုံ၍ အပေါင်းလက္ခဏာဆောင်သော အတွေ့အကြုံများ ရရှိစေလိုသည့်အပြင် သူတို့အား ကာကွယ်ပေးရန်ရည်ရွယ်သော ကိရိယာများနှင့် မူဝါဒများကို ဆယ်စုနှစ်တစ်ခုကြာ တီထွင်ဖန်တီးလျက်ရှိပါသည်။ ကျွန်ုပ်တို့မှာ Lantern ၏ တည်ထောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်၊ ၎င်းမှာ Tech Coalition မှ အစီအစဉ်တစ်ခုဖြစ်ကာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းအပါအဝင် သားရဲပမာချောင်းမြောင်းကြသူများ၏ အကောင့်များ၊ အပြုအမူများနှင့်ပတ်သက်သော အချက်ပြခြင်းများကို နည်းပညာကုမ္ပဏီများအား မျှဝေခွင့်ရစေပါသည်။
သင့်တွင် အသက် ၁၈ နှစ်အောက်ဖြစ်စဥ်က ရိုက်ကူးထားသော သင်ကိုယ်တိုင်၏ ဝတ်လစ်စားလစ် သို့မဟုတ် လိင်အသားပေး ဓာတ်ပုံဖြစ်စေ၊ ဗီဒီယိုဖြစ်စေရှိနေပြီး ၎င်းတို့ မျှဝေခံရမည် သို့မဟုတ် ထပ်ပြီးမျှဝေခံရမည်ကို စိုးရိမ်ပူပန်ပါက နောက်ထပ်အဆင့်ဆင့်ပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် TakeItDown.NCMEC.orgမှတစ်ဆင့် လုပ်ဆောင်ရန်အဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။
StopNCII.org နှင့်အလားတူပင် Take It Down သည်လည်း သင့်ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုသည် သင့်ဖုန်း/ကွန်ပျူတာမှ ဖယ်ရှားရန်မလိုသလို မည်သူမျှ ကြည့်ရှုရန်မလိုဘဲ သင့်ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို သီးသန့် အထူးဟက်ရှ်တန်ဖိုး (ဂဏန်းကုဒ်တစ်ခု) သတ်မှတ်ပေးပါသည်။ ၎င်းဟက်ရှ်တန်ဖိုးကို NCMEC သို့ သင်ပေးပို့ပြီးသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့ကဲ့သို့ ကုမ္ပဏီများသည် နောက်ပိုင်းတွင် ကျွန်ုပ်တို့၏ အက်ပ်များပေါ်၌ အဆိုပါအကြောင်းအရာအား ပို့စ်တင်ခြင်းမှ ကာကွယ်တားဆီးရန်အတွက် ဤဟက်ရှ်များကို အသုံးပြုနိုင်ပါသည်။
အဆိုပါရွေးချယ်စရာမှာ အောက်ပါတို့အတွက်ဖြစ်သည် -