အန္တရာယ်ကင်းရှင်းရေး ကိရိယာများနှင့် မူဝါဒများ
အန္တရာယ်ကင်းရှင်းရေးအတွက် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ကိုယ်စီရှိကြပြီး ကျွန်ုပ်တို့အားလုံး အပြန်အလှန်ဆွေးနွေးတိုင်ပင်ရမည့်အရာ တစ်ခုဖြစ်ပါသည်။ အန္တရာယ်ကင်းရှင်းရေးအတွက် Meta ၏ ချဉ်းကပ်ပုံနည်းလမ်းနှင့် သင်အသုံးပြုနိုင်မည့် ကိရိယာနှင့် အရင်းအမြစ်များအကြောင်းကို လေ့လာပါ။
အွန်လိုင်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး
ကလေးသူငယ်များကို အွန်လိုင်းပေါ်တွင် အမြတ်ထုတ်ခြင်းကို တိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို့၏ အားစိုက်ထုတ်မှုများအပါအဝင် ကျွန်ုပ်တို့၏ နည်းပညာဖန်တီးမှုများအနှံ့ ကလေးသူငယ်အန္တရာယ်ကင်းရှင်းရေးအတွက် Meta ၏ ကျယ်ပြန့်သောချဥ်းကပ်မှုနည်းလမ်းအကြောင်း လေ့လာလိုက်ပါ။
စိတ်ကျန်းမာရေးနှင့် ချမ်းသာသုခ
အွန်လိုင်း ချမ်းသာသုခသည် အလုံးစုံချမ်းသာသုခအတွက် တဖြည်းဖြည်း အရေးပါလာပါသည်။ သင့်ကိုယ်တိုင်၊ သင့်မိသားစုနှင့် သင့်အသိုင်းအဝိုင်းရှိ အခြားသူများအတွက် ဒစ်ဂျစ်တယ် ချမ်းသာသုခကို ပံ့ပိုးပေးသည့် ကိရိယာများနှင့် အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
အနိုင်ကျင့်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်း
Meta သည် အနိုင်ကျင့်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်းကို အလေးအနက်ထား၍ တိုင်ကြားမှုများ ပြုလုပ်ပါသည်။ အနိုင်ကျင့်ခြင်း ကာကွယ်တားဆီးရေး၊ အတွင်းရေးဓာတ်ပုံဆိုင်ရာ အလွဲသုံးစားပြုမှုနှင့်ပတ်သက်သော ကိရိယာများနှင့် ကျွမ်းကျင်သူကျောထောက်နောက်ခံပြု အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
အိုင်တီနှင့်အင်တာနက် တတ်မြောက်မှု
Meta တွင် သင်ယူလေ့လာသူများအနေဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာ၌ ရှင်သန်နိုင်ရန်လိုအပ်သော ကျွမ်းကျင်မှုများနှင့် အသိပညာများရယူနိုင်စေရန်အတွက် အိုင်တီနှင့်အင်တာနက် တတ်မြောက်မှုအရင်းအမြစ်များရှိပါသည်။ လူငယ်များ၊ မိဘများနှင့် ပညာသင်ကြားပေးသူများအတွက် နေရာဒေသအလိုက် လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ထားသော အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
အတွင်းရေးဓာတ်ပုံအလွဲသုံးစားပြုမှုနှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း
Meta သည် သဘောတူညီချက်မရှိသည့် အတွင်းရေး ဓာတ်ပုံများ (NCII) အား မျှဝေခြင်းကို တင်းကြပ်စွာ တားမြစ်ထားပါသည်။ သင်၏ ကိုယ်ရေးကိုယ်တာဓာတ်ပုံများကို တစ်စုံတစ်ဦးက မျှဝေခြင်း သို့မဟုတ် တစ်စုံတစ်ဦးမှ ဤသို့လုပ်ဆောင်ရန် ခြိမ်းခြောက်ခြင်းကြောင့် သင်သည် မတရားအမြတ်ထုတ်ခြင်းခံရပါက မည်ကဲ့သို့ ချက်ချင်း အရေးယူဆောင်ရွက်ရမည်ကို ဤစာမျက်နှာတွင် ရှင်းပြထားပါသည်။
မူးယစ်ဆေးဝါး လွဲမှားစွာအသုံးပြုမှုနှင့် အလွဲသုံစားပြုမှု
ဤအရင်းအမြစ်များသည် မူးယစ်ဆေဝါးအသုံးပြုမှု ကာကွယ်တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သည့် အကူအညီများနှင့် အချက်အလက်များရယူရန် ကြိုးစားနေသူများအတွက်ဖြစ်ပြီး ဤအရင်းအမြစ်များကို Partnership to End Addiction နှင့် Song for Charle တို့နှင့်ပူးပေါင်း၍ ဖန်တီးထားခြင်းဖြစ်ပါသည်။
အမျိုးသမီးများ
ကျွန်ုပ်တို့၏ ပလက်ဖောင်းများကို အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံသော နေရာတစ်ခုအဖြစ် ဖန်တီးရန်အတွက် Meta ၏ ကျယ်ပြန့်သော ချဉ်းကပ်မှုနည်းလမ်းအကြောင်းကို လေ့လာပါ။
LGBTQ+
LGBTQ+ အသိုင်းအဝိုင်းသည် Meta အသိုင်းအဝိုင်း၏ အမြဲတမ်း အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ LGBTQ+ အွန်လိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် သက်ဆိုင်သော ကူညီပံ့ပိုးမှုနှင့် အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
မိဘများ
Meta တွင် အွန်လိုင်းပေါ်ရှိ လူငယ်များ၏ အန္တရာယ်ကင်းရှင်းရေးနှင့် ချမ်းသာသုခကို ကာကွယ်ပေးရန်အတွက် ကျွန်ုပ်တို့အနေဖြင့် မိဘများနှင့် ပြုစုစောင့်ရှောက်ပေးသူများကို မူဝါဒများ၊ အရင်းအမြစ်များနှင့် ကိရိယာများ ပံ့ပိုးပေးပါသည်။
လူငယ်များ အန္တရာယ်ကင်းရှင်းရေး
လူငယ်များ ဘေးကင်းလုံခြုံစွာနေထိုင်ဖို့ ပညာပေးရန်နှင့် အားပေးမြှင့်တင်ရန်၊ သူတို့၏ ချမ်းသာသုခကို ဦးစားပေးရန်၊ အပြုသဘောဆောင်သော ပြောင်းလဲမှုကို ဖန်တီးရန်သာမက အနိုင်ကျင့်ခြင်း သို့မဟုတ် မိမိကိုယ်ကိုသေကြောင်းကြံမည့်အတွေးများကြောင့် ရုန်းကန်နေရသူများကို တားဆီးရန် သို့မဟုတ် တုန့်ပြန်ရန် Meta ၏ ကိရိယာများနှင့် အရင်းအမြစ်များအကြောင်းလေ့လာပါ။
ပညာသင်ကြားပေးသူများ
ကျောင်းသားများအနေဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာ၌ ရှင်သန်တိုးတက်နိုင်ရန်လိုအပ်သော ကျွမ်းကျင်မှုများနှင့် အသိပညာများရယူနိုင်စေရန်အတွက် မည်ကဲ့သို့ ကူညီပေးနိုင်မည်ကို လေ့လာပါ။
ဥပဒေစိုးမိုးရေး
Meta သည် အွန်လိုင်းနှင့် လက်တွေ့ကမ္ဘာ နှစ်ခုလုံးတို့တွင် အန္တရာယ်ကင်းရှင်းရေးကို မြှင့်တင်ရန်အတွက် သန္နိဋ္ဌာန်ချထားပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေး၊ ဥပဒေစိုးမိုးရေးအဖွဲ့အတွက် လမ်းညွှန်ချက်များ နှင့် အခြား အထောက်အပံ့အရင်းအမြစ်များအကြောင်း ဖတ်ရှုလေ့လာပါ။
သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့် လူသိများသောပုဂ္ဂိုလ်များ
ဂျာနယ်လစ်များ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် လူသိများသောပုဂ္ဂိုလ်များအတွက် လုံခြုံစိတ်ချရသော အသုံးပြုမှုအတွေ့အကြုံကို ရရှိစေရန် Meta မှ မည်ကဲ့သို့ ပံ့ပိုးကူညီသည်ကို လေ့လာပါ။
ဘေးအန္တရာယ်ဆိုင်ရာ ကူညီပံ့ပိုးရေး အရင်းအမြစ်များ
အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်လာပါက သင်တစ်ဦးတည်း ဖြေရှင်းဖို့မလိုကြောင်းကို မှတ်ထားပေးပါ။ ဤသည်မှာ သင့်အနေဖြင့် အရေးပေါ် ကျွမ်းကျင်သူထံမှ ကူညီပံ့ပိုးမှုရယူရာတွင် အထောက်အကူပြုသော အရင်းအမြစ်များ ဖြစ်ပါသည်။
အန္တရာယ်ကင်းရှင်းရေး မိတ်ဖက်များ
အွန်လိုင်း အန္တရာယ်ကင်းရှင်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာနှင့် ပြီးပြည့်စုံသော တုံ့ပြန်မှု လိုအပ်သောကြောင့် ကျွန်ုပ်တို့တစ်ဦးတည်းသာ ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ ချဉ်းကပ်မှုကို အသိပေးရန်အတွက် Meta သည် ကမ္ဘာတစ်ဝှမ်းရှိ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ပါသည်။

အနိုင်ကျင့်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်း တားဆီးရေး

Meta တွင် ကျွန်ုပ်တို့သည် အနိုင်ကျင့်ခြင်းနှင့် အနှောင့်အယှက်ပေးသည့် အခြေအနေများကို အလေးအနက်ထား၍ အရေးယူဆောင်ရွက်ပါသည်။ အနိုင်ကျင့်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်းသည် သာမန်မဟုတ်သောစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး နောက်ခံအကြောင်းအရာသည် အရေးပါသောကြောင့် ဖြေရှင်းရန်အတွက် အရှုပ်ထွေးဆုံး ကိစ္စရပ်များမှ တစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်သည့် နည်းလမ်းများဖြင့် မိမိကိုယ်ကို ကာကွယ်ရန် ကိရိယာများကိုလည်း ပြင်ဆင်ပေးနေစဥ်တွင် ၎င်းအကြောင်းအရာအပေါ် အရေးယူဆောင်ရွက်ရန်အတွက် ကြိုးစားအားထုတ်ပါသည်။ ကျွန်ုပ်တို့သည် အရင်းအမြစ်အသစ်များနှင့် ကိရိယာအသစ်များကို အမြဲတစေ ဖန်တီးလျက်ရှိပြီး ပြဿနာရပ်ကို အဆက်မပြတ်ဖြေရှင်းနိုင်ရန်အတွက် ကျွမ်းကျင်သူအကူအညီဖြင့် မူဝါဒများကို စိစစ်သုံးသပ်လျက်ရှိပါသည်။

အတွင်းရေးဓာတ်ပုံအလွဲသုံးစားပြုမှုနှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း

သဘောတူညီချက်မပါဘဲ အတွင်းရေးဓာတ်ပုံများအား မျှဝေခြင်း သို့မဟုတ် မျှဝေရန် ခြိမ်းခြောက်ခြင်းသည် Meta ၏ မူဝါဒများနှင့် ဆန့်ကျင်နေပါသည်။ ဓာတ်ပုံများကို ဖယ်ရှားရန်၊ ၎င်းတို့အား မျှဝေခြင်း သို့မဟုတ် ထပ်ဆင့်မျှဝေခြင်းကို တားဆီးရန် သင်လုပ်ဆောင်နိုင်သည့် အဆင့်များနှင့် ကူညီပံ့ပိုးမှုဆိုင်ရာ ဝန်ဆောင်မှုများ ရှာဖွေပုံတို့ကို လေ့လာလိုက်ပါ။

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းဆိုသည်မှာ သင်ဆန္ဒမရှိသောအရာများကို လုပ်ဆောင်စေရေးအတွက် ဖိအားပေးရန် အတွင်းရေးဓာတ်ပုံများ ဖော်ထုတ်မည်ဟု ခြိမ်းခြောက်ခြင်း ဖြစ်ပါသည်။ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းပပျောက်ရေးစင်တာသည် Thorn နှင့် ပူးပေါင်းဆောင်ရွက်ကာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ခံရသူများအတွက် အရင်းအမြစ်များကို ပံ့ပိုးကူညီပေးပါသည်။

အနိုင်ကျင့်မှု ကြိုတင်ကာကွယ်ခြင်း

အနိုင်ကျင့်ခြင်း ကြိုတင်ကာကွယ်ရေးဆိုင်ရာ အရင်းအမြစ်များသည် အနိုင်ကျင့်ခြင်းနှင့်သက်ဆိုင်သော ကိစ္စရပ်များအတွက် ကူညီပံ့ပိုးမှုရှာဖွေနေသည့် ဆက်ကျော်သက်များ၊ မိဘများနှင့် ပညာသင်ကြားပေးသူများကို အကူအညီပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် အနိုင်ကျင့်ခံရသောသူများကို ကူညီပံ့ပိုးပေးရန်နှင့် အနိုင်ကျင့်ခြင်းတွင် ပါဝင်ပတ်သက်နေသည့် ဆယ်ကျော်သက်တစ်ဦး၏ မိဘများ၊ ပြုစုစောင့်ရှောက်သူများနှင့် ပညာသင်ကြားပေးသူများကို လမ်းညွှန်မှုပေးရန်အတွက် အနိုင်ကျင့်ခြင်းကြိုတင်ကာကွယ်မှု ကျွမ်းကျင်သူများနှင့်အတူ လုပ်ဆောင်ပါသည်။

သင်သည် အနိုင်ကျင့်ခံရပါက၊ သင်သိသောသူတစ်ဦးသည် အနိုင်ကျင့်ခံရပါက သို့မဟုတ် သင်သည် အနိုင်ကျင့်သူတစ်ဦးဟု စွပ်စွဲခံရပါက ဤအရင်းအမြစ်များက ကူညီပေးနိုင်ပါသည်။

အနိုင်ကျင့်မှု ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အရင်းအမြစ်များ

ဆယ်ကျော်သက်များအတွက်

မိဘများအတွက်

ပညာသင်ကြားပေးသူများအတွက်

ဆယ်ကျော်သက်များအတွက်

အနိုင်ကျင့်ခံရခြင်းသည် ကြောက်စရာကောင်းနိုင်ပြီး လွှမ်းမိုးမှုရှိနိုင်ပါသည်။ အနိုင်ကျင့်ခြင်းကို ကြိုတင်ကာကွယ်ရန်နှင့် တွန်းလှန်တိုက်ဖျက်ရန်အတွက် ရရှိနိုင်သော အရင်းအမြစ်များအကြောင်းသိရှိထားရန်မှာ အထောက်အကူဖြစ်စေပါသည်။

မိဘများအတွက်

သင့်ကလေးငယ်သည် အနိုင်ကျင့်ခံရကြောင်း သို့မဟုတ် အခြားသူများကို အနိုင်ကျင့်ခြင့်ကြောင်း သင်သိရှိပါက မည်သည့်နေရာတွင်မည်ကဲ့သို့ စတင်ဆောင်ရွက်ရမည်ကို သိရှိရန်မှာ စိတ်ဖိစီးစေနိုင်ပါသည်။ ဤအနိုင်ကျင့်ခြင်းဆိုင်ရာ အရင်းအမြစ်များကို မိဘများအတွက် ရည်မှန်း၍ ဖန်တီးရေးဆွဲထားပါသည်။

ပညာသင်ကြားပေးသူများအတွက်

သင်သည် ပညာသင်ကြားပေးသူတစ်ဦးဖြစ်သည့်အလျောက် သင့်ကျောင်းသားများ ရှင်သန်တိုးတက်နိုင်သည့် အန္တရာယ်ကင်းသော ပတ်ဝန်းကျင်တစ်ခုကို ထိန်းသိမ်းထားရှိပေးခြင်းသည် အရေးကြီးကြောင်းကို သင်နားလည်မည်ဖြစ်ပါသည်။ ဤသည်မှာ အနိုင်ကျင့်ခြင်းကြိုတင်ကာကွယ်တားဆီးရန် နည်းဗျူဟာများကို အကောင်အထည်ဖော်ဖို့ တက်ကြွစွာကိုယ်တွယ်ဖြေရှင်းပုံနှင့် အလုပ်လုပ်ပုံဖြစ်သည်။

အနိုင်ကျင့်ခြင်းကို တိုင်ကြားပုံ

အသုံးပြုသူ၏ တိုင်ကြားမှုများနှင့် နည်းပညာပေါင်းစည်းမှုကို အသုံးပြု၍ ကျွန်ုပ်တို့သည် သင့်လျေော်မှုမရှိသော အကြောင်းအရာအား ရှာဖွေဖယ်ရှားပါသည်။ ကျွန်ုပ်တို့တွင် အနိုင်ကျင့်ခြင်းနှင့် အနှောက်အယှက်ပေးခြင်းဆိုင်ရာ တိုင်ကြားမှုများကို ဘာသာစကား ၅၀ ကျော်ဖြင့် ၂၄ နာရီ ၇ ရက်ပတ်လုံး စိစစ်သုံးသပ်ပေးသည့် အဖွဲ့များရှိပါသည်။ ၂၀၂၂ ခုနှစ်၏ ပထမသုံးလပတ်ကာလတွင် Facebook ပေါ်၌ ကျွန်ုပ်တို့၏ လူလုပ်အသိဉာဏ်တုနည်းပညာသည် အနိုင်ကျင့်ခြင်းအကြောင်းအရာ ၉ သန်းကျော်ကို အရေးယူရန်နှင့် အကြောင်းအရာ ၆၇ ရာခိုင်နှုန်းကျော်ကို ကြိုတင်ဖယ်ရှားရန်အတွက် အကူအညီပေးပါသည်။ တူညီသောအချိန်ကာလအတွက် Instagram တွင် ကျွန်ုပ်တို့သည် လူများမှ အနိုင်ကျင့်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်း အကြောင်းအရာကို မတိုင်ကြားမီ အကြောင်းအရာ ၇ သန်း၊ ၈၃ ရာခိုင်နှုန်းကို အရေးယူဆောင်ရွက်ခဲ့ပါသည်။

အနိုင်ကျင့်ခြင်းကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများ

Meta သည် အနိုင်ကျင့်ခြင်းကာကွယ်ရေးဆိုင်ရာ အရင်းအမြစ်များကို ထိန်းသိမ်းထားရန်အတွက် ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်များဖြင့် လက်တွဲလုပ်ဆောင်ပါသည်။ အဖွဲ့အစည်းတစ်ခုစီနှင့်ပတ်သက်ပြီး ပိုမိုလေ့လာလိုက်ပါ။

လုပ်ဖော်ကိုင်ဖက်များ

ကျွန်ုပ်တို့၏ ပလက်ဖောင်းများပေါ်တွင် အနိုင်ကျင့်ခြင်းအပေါ် ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့၏ အားစိုက်ထုတ်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် လူငယ်များနှင့် သူတို့၏ ချမ်းသာသုခအတွက် အနိုင်ကျင့်မှုတိုက်ဖျက်သည့် အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့်အတူ လက်တွဲလုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့၏ မိတ်ဖက်များသည် ကမ္ဘာအနှံ့ဖြစ်သောကြောင့် သီးခြားသတ်မှတ်ထားသော ဒေသတစ်ခုအတွက် အနိုင်ကျင့်ခြင်းဆိုင်ရာ အရင်းအမြစ်များနှင့် နည်းဗျူဟာများကို အသုံးချနိုင်ခွင့်ရစေပါသည်။ ဤသည်မှာ ကျွန်ုပ်တို့၏ အဓိကမိတ်ဖက်များမှ အချို့ဖြစ်သည်။


Meta လိုဂိုတံဆိပ်၊ ပင်မစာမျက်နှာလင့်ခ်

ကျွန်ုပ်တို့ကို စောင့်ကြည့်ပါ

facebook အိုင်ကွန်
Instagram အိုင်ကွန်
YouTube အိုင်ကွန်
Twitter အိုင်ကွန်
LinkedIn အိုင်ကွန်
အန္တရာယ်ကင်းရှင်းရေး ကိရိယာများနှင့် မူဝါဒများကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးစိတ်ကျန်းမာရေးနှင့် ချမ်းသာသုခကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှု တားဆီးရေးအနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းအိုင်တီနှင့်အင်တာနက် တတ်မြောက်မှု