
Meta တွင် အွန်လိုင်းပေါ်ရှိ လူငယ်များ၏ အန္တရာယ်ကင်းရှင်းရေးနှင့် ချမ်းသာသုခကို ကာကွယ်ပေးရန်အတွက် ကျွန်ုပ်တို့သည် မိဘများ၊ ပြုစုစောင့်ရှောက်ပေးသူများနှင့် ပညာသင်ကြားပေးသူများကို မူဝါဒများ၊ အရင်းအမြစ်များ၊ ကိရိယာများ ပံ့ပိုးပေးပါသည်။
ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအတွက် ကျွန်ုပ်တို့၏ သန္နိဋ္ဌာန်
ပြည့်စုံသော လူမှုစံနှုန်းများ၏ လမ်းညွှန်မှုဖြင့် Meta တွင် အနိုင်ကျင့်စော်ကားမှုကို တားဆီးပိတ်ပင်သည့် ခြွင်းချက်မရှိ စည်းမျဉ်းများအပြင် သင့်ကလေး၏ အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်ပြီး အဓိကအလေးပေးထားသည့် မူဝါဒများ ရှိပါသည်။ ကျွန်ုပ်တို့၏ ခေတ်မီ နည်းပညာများသည် ချိုးဖောက်မှုများကို ကြိုတင်တားဆီး၊ ရှာဖွေထုတ်ဖော်၍ ဖယ်ရှားပေးပြီး သင့်အနေဖြင့် အန္တရာယ်ရှိသော အကြောင်းအရာကို အချိန်မရွေး တိုင်ကြားနိုင်ပါသည်။ ကျွန်ုပ်တို့သည် မိသားစုများအနေဖြင့် အွန်လိုင်းနည်းပညာများတွင် အန္တရာယ်ကင်းရှင်းစွာ သွားလာအသုံးပြုနိုင်ရန်အတွက် အရင်းအမြစ်များနှင့် ပံ့ပိုးမှုတို့ကိုလည်း ပေးအပ်ပါသည်။

မိသားစုစင်တာ အရင်းအမြစ်များ
မိဘများနှင့် ပြုစုစောင့်ရှောက်သူများသည် ဆယ်ကျော်သက်များ၏ အွန်လိုင်းအသုံးပြုမှုအတွေ့အကြုံများကို လမ်းညွှန်မှုနေပေးသည့်အတွက် ကျွန်ုပ်တို့အနေဖြင့် သူတို့ကို ပံ့ပိုးပေးလိုပါသည်။ ပြုစုစောင့်ရှောက်ပေးသူများသည် အွန်လိုင်းအန္တရာယ်ကင်းရှင်းရေးအလေ့အထများကို ရှာဖွေလမ်းညွှန်ပြီး ပြုစုပျိုးထောင်ပေးသည့်အတွက် သူတို့နှင့် ဆယ်ကျော်သက်များကြား စကားဝိုင်းများကို အားပေးမြှင့်တင်ပေးသည့် အရင်းအမြစ်စုစည်းမှုတစ်ခုကို ဖန်တီးရေးဆွဲရန်အတွက် ကျွမ်းကျင်သူများနှင့်အတူ ကျွန်ုပ်တို့ လက်တွဲလုပ်ဆောင်လျက်ရှိပါသည်။
အန္တရာယ်ကင်းရှင်းရေး ကိရိယာများ
မူဝါဒများနှင့် အရင်းအမြစ်များအပြင် လူငယ်များကို အွန်လိုင်းပေါ်တွင် ဘေးကင်းအောင်ထားရှိရာ၌ အထောက်အကူပြုရန် ကိရိယာများကို ကျွန်ုပ်တို့ ပေးအပ်ထားပါသည်။ ကျွန်ုပ်တို့၏ ဘေးကင်းလုံခြုံရေးနှင့် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ကိရိယာများက အွန်လိုင်းအန္တရာယ်ကင်းရှင်းအတွက် မည်ကဲ့သို့ တိုးတက်ကောင်းမွန်စေနိုင်သည်ကို နားလည်အောင်ပြုလုပ်လိုက်ပါ။

ကြီးကြပ်ရေးကိရိယာများနှင့် အရင်းအမြစ်များ
VR နှင့် Instagram ပေါ်တွင် မိဘများ၊ ပြုစုစောင့်ရှောက်သူများနှင့် ဆယ်ကျော်သက်များကို ကူညီပံ့ပိုးရန် ဖန်တီးရေးဆွဲထားသည့် ကိရိယာများနှင့် အရင်းမြစ်များအတွက် ကျွန်ုပ်တို့ ရင်းနှီးမြှုပ်နှံထားပါသည်။ ကျွန်ုပ်တို့သည် Meta Quest နားကြပ်အားလုံးတွင် မိဘအုပ်ထိန်းသူ ကြီးကြပ်ရေးကိရိယာများကို ဖြည်းဖြည်းချင်း မိတ်ဆက်ပေးနေပါသည်။ Instagram တွင် မိဘများနှင့် ပြုစုစောင့်ရှောက်သူများက ယခု အောက်ပါတို့ကို ပြုလုပ်နိုင်ပါသည်-
ဆယ်ကျော်သက်များအနေဖြင့် Instagram ပေါ်တွင် သူတို့၏ အချိန်ကို ပို၍ကောင်းမွန်စွာ စီမံနိုင်စေရန်အတွက် တွန်းအားပေးအသိပေးချက်အသစ်များနှင့် ခေတ္တအနားယူလိုက်ပါကို အသုံးပြုရန် သတိပေးချက်အသစ်များပါဝင်သည့် လုပ်ဆောင်ချက်များကိုလည်း ကျွန်ုပ်တို့ ထည့်သွင်းပေးနေပါသည်။
Meta နည်းပညာဖန်တီးမှုများအနှံ့ရှိ မိဘနှင့်ဆိုင်သော အရင်းအမြစ်များနှင့် ကိရိယာများအကြောင်း လေ့လာလိုက်ပါ -
ပြုစုစောင့်ရှောက်သူများအတွက် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း ပပျောက်ရေး
လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းသည် သင်ဆန္ဒမရှိသောသောအရာများကို လုပ်ဆောင်စေရန် အတွင်းရေးဓာတ်ပုံများ ဖော်ထုတ်မည်ဟု ခြိမ်းခြောက်ခြင်း ဖြစ်ပါသည်။ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း ပပျောက်ရေး အရင်းအမြစ်များသည် ပံ့ပိုးကူညီမှုနှင့် အချက်အလက်များကို ရှာဖွေနေသော ပြုစုစောင့်ရှောက်သူများအတွက် ဖြစ်ပါသည်။
အိုင်တီနှင့်အင်တာနက် တတ်မြောက်မှု
Meta သည် အိုင်တီနှင့်အင်တာနက် တတ်မြောက်မှုကို အဆင့်မြှင့်တင်ရန်အတွက် အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။ ယနေ့ခေတ် ဒစ်ဂျစ်တယ်ကမ္ဘာတွင် လူငယ်များအနေဖြင့် စီမံသွားလာရန်နှင့် ရှင်သန်နိုင်ရေးအတွက် လိုအပ်သော ကျွမ်းကျင်မှုများကို ပျိုးထောင်ရာ၌ အကူအညီဖြစ်စေရန်ရည်ရွယ်၍ ဆရာများ၊ ကျောင်းသားများ၊ ပြုစုစောင့်ရှောက်ပေးသူများနှင့် မိဘများအတွက် ဖန်တီးရေးဆွဲထားသည့် အခမဲ့ ဒစ်ဂျစ်တယ် နိုင်ငံသားဖြစ်မှုနှင့် ချမ်းသာသုခအစီအစဥ်ကို ကျွန်ုပ်တို့ ပေးအပ်ထားပါသည်။
အနိုင်ကျင့်မှု ကြိုတင်ကာကွယ်ခြင်း
Meta နည်းပညာဖန်တီးမှုများပေါ်တွင် အနိုင်ကျင့်ခြင်းနှင့် စော်ကားနှောင့်ယှက်ခြင်းတို့ကို ခွင့်မပြုပါ။ ကျွန်ုပ်တို့သည် အလွဲသုံးစားပြုမှုများကို တားဆီးရန်နှင့် ဖြေရှင်းရန်လုပ်ဆောင်ကြပြီး သင့်အနေဖြင့် သင်၏ အသုံးပြုမှုအတွေ့အကြုံကို ထိန်းချုပ်နိုင်စေမည့် ကိရိယာများကိုလည်း ပေးအပ်ထားပါသည်။
ဒစ်ဂျစ်တယ်ကျန်းမာရေး
ဒစ်ဂျစ်တယ်ကျန်းမာရေးသည် သင့်မိသားစု၏ အလုံးစုံကျန်းမာရေးတွင် တစ်စိတ်တစ်ပိုင်းပါဝင်ပါသည်။ ဘော်စတွန် ကလေးဆေးရုံရှိ ဒစ်ဂျစ်တယ် ကျန်းမာရေး လေ့လာစမ်းသပ်ခန်းနှင့်အတူ ရေးဆွဲပြင်ဆင်ထားသော ကျွန်ုပ်တို့၏ လမ်းညွှန်တွင် ကလေးအသက်အရွယ်အုပ်စုအလိုက် မီဒီယာအသုံးပြုမှုနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူကျောထောက်နောက်ခံပြု အကြံပြုချက်ကို ကြည့်လိုက်ပါ။ ကဏ္ဍတစ်ခုစီတွင် သိပ္ပံအခြေခံ အကြောင်းအရာမှ ဖြည့်စွက်ချက်များဖြစ်သည့် များသောအားဖြင့် မီဒီယာနှင့်ဆိုင်သော ကျန်းမာရေး စိုးရိမ်မှုများအတွက် အရေးယူဆောင်ရွက်နိုင်သော အကြံပြုချက်များ ပါဝင်ပါသည်။
ကျွမ်းကျင်သော အကြံပေးများ
မိသားစုများအတွက် ကောင်းမွန်သော အွန်လိုင်းအသုံးပြုမှုအတွေ့အကြုံများကို ဖန်တီးတည်ဆောက်ရန် ကျွန်ုပ်တို့မျှဝေထားသော ရည်မှန်းချက်တွင် ဦးဆောင်ဦးရွက်ပြုနေကြသော ကျွမ်းကျင်သူများ၊ ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများ၊ မိဘများ၊ လူငယ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့သည် လူငယ်များကို ဘေးကင်းလုံခြုံအောင်ထားရှိရန်အတွက် အသက်အရွယ်အလိုက် သင့်လျော်သော ကာကွယ်ပေးမှုများဖြင့် ပံ့ပိုးပေးပြီး တီထွင်ဆန်းသစ်သော နည်းပညာဖန်တီးမှုများကို အဆက်မပြတ် လေ့လာပါသည်။
Meta ၏ လူငယ်အကြံပေးများသည် အွန်လိုင်းအန္တရာယ်ကင်းရှင်းရေး၊ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ကလေးမီဒီယာကဏ္ဍများတွင် ကျွမ်းကျင်သူများဖြင့်ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်ပြီး သူတို့၏ ကျွမ်းကျင်မှုများ၊ သုတေသနနှင့် လမ်းညွှန်ချက်တို့ကို မျှဝေပေးပါသည်။ လူငယ်အကြံပေးများသည် ထုတ်ကုန်အသစ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူငယ်များအတွက် မူဝါဒများအပေါ် သဘောထားမှတ်ချက်ပေးခြင်းဖြင့် ကျွန်ုပ်တို့၏ လုပ်ငန်းကို ဖန်တီးပုံဖော်ရာ၌ အကူအညီပေးပါသည်။ ပိုမိုကောင်းမွန်သော ထုတ်ကုန်များကို ဖန်တီးတည်ဆောက်ရာတွင် ကျွန််ုပတို့အတွက် အထောက်အကူပြုသည့် သဘောထားမှတ်ချက်နှင့် လမ်းညွှန်မှုကို ရယူရန်အတွက် မိဘများ၊ ဆယ်ကျေော်သက်များနှင့်အတူ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ပူးပေါင်းပြင်ဆင်ရေးဆွဲပါသည်။