အန္တရာယ်ကင်းရှင်းရေး ကိရိယာများနှင့် မူဝါဒများ
အန္တရာယ်ကင်းရှင်းရေးအတွက် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ကိုယ်စီရှိကြပြီး ကျွန်ုပ်တို့အားလုံး အပြန်အလှန်ဆွေးနွေးတိုင်ပင်ရမည့်အရာ တစ်ခုဖြစ်ပါသည်။ အန္တရာယ်ကင်းရှင်းရေးအတွက် Meta ၏ ချဉ်းကပ်ပုံနည်းလမ်းနှင့် သင်အသုံးပြုနိုင်မည့် ကိရိယာနှင့် အရင်းအမြစ်များအကြောင်းကို လေ့လာပါ။
အွန်လိုင်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး
ကလေးသူငယ်များကို အွန်လိုင်းပေါ်တွင် အမြတ်ထုတ်ခြင်းကို တိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို့၏ အားစိုက်ထုတ်မှုများအပါအဝင် ကျွန်ုပ်တို့၏ နည်းပညာဖန်တီးမှုများအနှံ့ ကလေးသူငယ်အန္တရာယ်ကင်းရှင်းရေးအတွက် Meta ၏ ကျယ်ပြန့်သောချဥ်းကပ်မှုနည်းလမ်းအကြောင်း လေ့လာလိုက်ပါ။
စိတ်ကျန်းမာရေးနှင့် ချမ်းသာသုခ
အွန်လိုင်း ချမ်းသာသုခသည် အလုံးစုံချမ်းသာသုခအတွက် တဖြည်းဖြည်း အရေးပါလာပါသည်။ သင့်ကိုယ်တိုင်၊ သင့်မိသားစုနှင့် သင့်အသိုင်းအဝိုင်းရှိ အခြားသူများအတွက် ဒစ်ဂျစ်တယ် ချမ်းသာသုခကို ပံ့ပိုးပေးသည့် ကိရိယာများနှင့် အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
အနိုင်ကျင့်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်း
Meta သည် အနိုင်ကျင့်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်းကို အလေးအနက်ထား၍ တိုင်ကြားမှုများ ပြုလုပ်ပါသည်။ အနိုင်ကျင့်ခြင်း ကာကွယ်တားဆီးရေး၊ အတွင်းရေးဓာတ်ပုံဆိုင်ရာ အလွဲသုံးစားပြုမှုနှင့်ပတ်သက်သော ကိရိယာများနှင့် ကျွမ်းကျင်သူကျောထောက်နောက်ခံပြု အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
အိုင်တီနှင့်အင်တာနက် တတ်မြောက်မှု
Meta တွင် သင်ယူလေ့လာသူများအနေဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာ၌ ရှင်သန်နိုင်ရန်လိုအပ်သော ကျွမ်းကျင်မှုများနှင့် အသိပညာများရယူနိုင်စေရန်အတွက် အိုင်တီနှင့်အင်တာနက် တတ်မြောက်မှုအရင်းအမြစ်များရှိပါသည်။ လူငယ်များ၊ မိဘများနှင့် ပညာသင်ကြားပေးသူများအတွက် နေရာဒေသအလိုက် လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ထားသော အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
အတွင်းရေးဓာတ်ပုံအလွဲသုံးစားပြုမှုနှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း
Meta သည် သဘောတူညီချက်မရှိသည့် အတွင်းရေး ဓာတ်ပုံများ (NCII) အား မျှဝေခြင်းကို တင်းကြပ်စွာ တားမြစ်ထားပါသည်။ သင်၏ ကိုယ်ရေးကိုယ်တာဓာတ်ပုံများကို တစ်စုံတစ်ဦးက မျှဝေခြင်း သို့မဟုတ် တစ်စုံတစ်ဦးမှ ဤသို့လုပ်ဆောင်ရန် ခြိမ်းခြောက်ခြင်းကြောင့် သင်သည် မတရားအမြတ်ထုတ်ခြင်းခံရပါက မည်ကဲ့သို့ ချက်ချင်း အရေးယူဆောင်ရွက်ရမည်ကို ဤစာမျက်နှာတွင် ရှင်းပြထားပါသည်။
မူးယစ်ဆေးဝါး လွဲမှားစွာအသုံးပြုမှုနှင့် အလွဲသုံစားပြုမှု
ဤအရင်းအမြစ်များသည် မူးယစ်ဆေဝါးအသုံးပြုမှု ကာကွယ်တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သည့် အကူအညီများနှင့် အချက်အလက်များရယူရန် ကြိုးစားနေသူများအတွက်ဖြစ်ပြီး ဤအရင်းအမြစ်များကို Partnership to End Addiction နှင့် Song for Charle တို့နှင့်ပူးပေါင်း၍ ဖန်တီးထားခြင်းဖြစ်ပါသည်။
အမျိုးသမီးများ
ကျွန်ုပ်တို့၏ ပလက်ဖောင်းများကို အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံသော နေရာတစ်ခုအဖြစ် ဖန်တီးရန်အတွက် Meta ၏ ကျယ်ပြန့်သော ချဉ်းကပ်မှုနည်းလမ်းအကြောင်းကို လေ့လာပါ။
LGBTQ+
LGBTQ+ အသိုင်းအဝိုင်းသည် Meta အသိုင်းအဝိုင်း၏ အမြဲတမ်း အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ LGBTQ+ အွန်လိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် သက်ဆိုင်သော ကူညီပံ့ပိုးမှုနှင့် အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
မိဘများ
Meta တွင် အွန်လိုင်းပေါ်ရှိ လူငယ်များ၏ အန္တရာယ်ကင်းရှင်းရေးနှင့် ချမ်းသာသုခကို ကာကွယ်ပေးရန်အတွက် ကျွန်ုပ်တို့အနေဖြင့် မိဘများနှင့် ပြုစုစောင့်ရှောက်ပေးသူများကို မူဝါဒများ၊ အရင်းအမြစ်များနှင့် ကိရိယာများ ပံ့ပိုးပေးပါသည်။
လူငယ်များ အန္တရာယ်ကင်းရှင်းရေး
လူငယ်များ ဘေးကင်းလုံခြုံစွာနေထိုင်ဖို့ ပညာပေးရန်နှင့် အားပေးမြှင့်တင်ရန်၊ သူတို့၏ ချမ်းသာသုခကို ဦးစားပေးရန်၊ အပြုသဘောဆောင်သော ပြောင်းလဲမှုကို ဖန်တီးရန်သာမက အနိုင်ကျင့်ခြင်း သို့မဟုတ် မိမိကိုယ်ကိုသေကြောင်းကြံမည့်အတွေးများကြောင့် ရုန်းကန်နေရသူများကို တားဆီးရန် သို့မဟုတ် တုန့်ပြန်ရန် Meta ၏ ကိရိယာများနှင့် အရင်းအမြစ်များအကြောင်းလေ့လာပါ။
ပညာသင်ကြားပေးသူများ
ကျောင်းသားများအနေဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာ၌ ရှင်သန်တိုးတက်နိုင်ရန်လိုအပ်သော ကျွမ်းကျင်မှုများနှင့် အသိပညာများရယူနိုင်စေရန်အတွက် မည်ကဲ့သို့ ကူညီပေးနိုင်မည်ကို လေ့လာပါ။
ဥပဒေစိုးမိုးရေး
Meta သည် အွန်လိုင်းနှင့် လက်တွေ့ကမ္ဘာ နှစ်ခုလုံးတို့တွင် အန္တရာယ်ကင်းရှင်းရေးကို မြှင့်တင်ရန်အတွက် သန္နိဋ္ဌာန်ချထားပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေး၊ ဥပဒေစိုးမိုးရေးအဖွဲ့အတွက် လမ်းညွှန်ချက်များ နှင့် အခြား အထောက်အပံ့အရင်းအမြစ်များအကြောင်း ဖတ်ရှုလေ့လာပါ။
သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့် လူသိများသောပုဂ္ဂိုလ်များ
ဂျာနယ်လစ်များ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် လူသိများသောပုဂ္ဂိုလ်များအတွက် လုံခြုံစိတ်ချရသော အသုံးပြုမှုအတွေ့အကြုံကို ရရှိစေရန် Meta မှ မည်ကဲ့သို့ ပံ့ပိုးကူညီသည်ကို လေ့လာပါ။
ဘေးအန္တရာယ်ဆိုင်ရာ ကူညီပံ့ပိုးရေး အရင်းအမြစ်များ
အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်လာပါက သင်တစ်ဦးတည်း ဖြေရှင်းဖို့မလိုကြောင်းကို မှတ်ထားပေးပါ။ ဤသည်မှာ သင့်အနေဖြင့် အရေးပေါ် ကျွမ်းကျင်သူထံမှ ကူညီပံ့ပိုးမှုရယူရာတွင် အထောက်အကူပြုသော အရင်းအမြစ်များ ဖြစ်ပါသည်။
အန္တရာယ်ကင်းရှင်းရေး မိတ်ဖက်များ
အွန်လိုင်း အန္တရာယ်ကင်းရှင်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာနှင့် ပြီးပြည့်စုံသော တုံ့ပြန်မှု လိုအပ်သောကြောင့် ကျွန်ုပ်တို့တစ်ဦးတည်းသာ ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ ချဉ်းကပ်မှုကို အသိပေးရန်အတွက် Meta သည် ကမ္ဘာတစ်ဝှမ်းရှိ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ပါသည်။

မူးယစ်ဆေးဝါး လွဲမှားစွာအသုံးပြုမှုနှင့် အလွဲသုံစားပြုမှုတို့ကို တိုက်ဖျက်ရန် လူမှုအဖွဲ့အစည်းများအား ပံ့ပိုးကူညီပေးခြင်း

ဤအရင်းအမြစ်များသည် မူးယစ်ဆေဝါးအသုံးပြုမှု ကာကွယ်တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သည့် အကူအညီများနှင့် အချက်အလက်များရယူရန် ကြိုးစားနေသူများအတွက်ဖြစ်ပြီး ဤအရင်းအမြစ်များကို Partnership to End Addiction နှင့် Song for Charle တို့နှင့် ပူးပေါင်း၍ဖန်တီးထားခြင်းဖြစ်ပါသည်။

ခြုံငုံသုံးသပ်ချက်

Meta သည် အသိပညာမြှင့်တင်ခြင်းနှင့် ပညာရေးမြှင့်တင်ရန်အတွက် အဖွဲ့အစည်းများနှင့် မိတ်ဖက်ခြင်းခြင်း၊ အွန်လိုင်းပေါ်ရှိ မူးယစ်ဆေးဝါးမှောင်ခိုကူးခြင်းများအား တိုက်ဖျက်ခြင်းနှင့် ဥပဒေစိုးမိုးရေးအတွင်းရှိ ကျွန်ုပ်တို့၏မိတ်ဖက်များနှင့် ပူးပေါင်းခြင်း စသည်တို့ကို အာရုံစိုက်ခြင်းဖြင့် တရားမဝင်မူးယစ်ဆေးဝါးများ၏ အန္တရာယ်ကို ဖြေရှင်းရန် လုပ်ဆောင်နေပါသည်။

ကျွန်ုပ်တို့တွင် ဆေးဝါးမဟုတ်သော၊ အန္တရာယ်များသော မူးယစ်ဆေးဝါးများ အသုံးပြုမှုကို မြှင့်တင်ပေးသည့် သို့မဟုတ် လွယ်ကူစေသည့် အကြောင်းအရာများကို ဆန့်ကျင်သည့် စည်းမျှဉ်းများရှိပါသည်။ ကျွန်ုပ်တို့၏ စည်းမျဉ်းများကို ချိုးဖောက်သည်ဟု ယူဆရသည့် အကြောင်းအရာများကို တွေ့ရှိပါက ၎င်းအကြောင်းအရာကို တိုင်ကြားပေးပါရန် မည်သူ့ကိုမဆို ကျွန်ုပ်တို့ တိုက်တွန်းအပ်ပါသည်။ ဤအကြောင်းအရာကို ကျွန်ုပ်တို့ သတိပြုမိလာပါက အရေးယူဆောင်ရွက်ရန် လုပ်ဆောင်ပါမည်။

အောက်ဖော်ပြပါ အရင်းအမြစ်များသည် မူးယစ်ဆေဝါးအသုံးပြုမှု တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သည့် အကူအညီများနှင့် အချက်အလက်များရယူရန် ကြိုးစားနေသူများအတွက်ဖြစ်ပြီး ဤအရင်းအမြစ်များကို Partnership to End Addiction နှင့် Song for Charle တို့နှင့်ပူးပေါင်း၍ ဖန်တီးထားခြင်းဖြစ်ပါသည်။ အိုပီရွိုက် ဆေးဝါးကြောင့် သေဆုံးမှုများဖြစ်ပွားခြင်းကို ကျွန်ုပ်တို့ကိုင်တွယ်ဆောင်ရွက်ပုံကို ဤနေရာတွင် ပိုမိုလေ့လာပါ။

အကူအညီရယူခြင်း

Partnership to End Addiction က ဖန်တီးထားပြီး Meta က လိုက်လျောညီထွေမှုရှိအောင်ပြင်ဆင်ထားသော ဤအကူအညီအရင်းအမြစ်များသည် မူးယစ်ဆေးဝါးလွဲမှားစွာအသုံးပြုမှုနှင့်ပတ်သက်သည့် အကူအညီများရယူရန်ကြိုးစာနေသူများအတွက်ဖြစ်ပါသည်။


ဘယ်လိုအချိန်တွေမှာ သင်အကူအညီရယူသင့်ပါသလဲ။

မိသာစုများအနေဖြင့် အကူအညီရယူရမည့်အချိန်နှင့်ပတ်သက်၍ မသေချာမှုများရှိနေနိုင်ပါသည်။ သင်သည် သင်ချင်ခင်ရသူအတွက် ကျွမ်းကျင်သူတစ်ဦးဖြစ်ပါသည်၊ ထို့ကြောင့် သင့်ချစ်ခင်ရသူအကြောင်း အခြားသူများမှ ပြောဆိုလာသည့်အခါ သင့်ပင်ကိုယ်အသိစိတ်ကို ယုံကြည်ပြီး သုံးသပ်ဆုံးဖြတ်ပါ။ စိတ်ကျန်းမာရေးပညာရှင်များက မူးယစ်ဆေးဝါးသုံးစွဲမှုပြဿနာများကိုရှာဖွေရန်အသုံးပြုသော အမေရိကန်စိတ်ရောဂါကုသရေးအသင်း၏ စိတ်ရောဂါရှာဖွေရေးနှင့် စာရင်းအင်းလက်စွဲစာအုပ် (DSM-5) မှ သတ်မှတ်စံနှုန်းများသည် သင့်ကိုကူညီနိုင်မည်ဖြစ်ပါသည်။

  • ရည်ရွယ်ထားသည်ထက် အသုံးပြုနေရခြင်း
  • လျှော့ချလိုသော်လည်း သို့မဟုတ် ဖြတ်လိုသော်လည်း မဆောင်ရွက်နိုင်ဖြစ်နေရခြင်း
  • မူးယစ်ဆေးဝါး ရယူရန်၊ အသုံးပြုရန်နှင့် ပြန်လည်နလန်ထူရန်အတွက် အချိန်ကုန်နေရခြင်း
  • အသုံးပြုရန် ပြင်းထန်သော တောင့်တမှု သို့မဟုတ် ဆန္ဒ ရှိလာခြင်း
  • ကျောင်း၊ အလုပ် သို့မဟုတ် အိမ်တို့တွင် တာဝန်ဝတ္တရာများကို ကိုင်တွယ်ဖြေရှင်းမှုမရှိနေခြင်း
  • စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် ပျော်ရွှင်ဖွယ်ရာ လှုပ်ရှားဆောင်ရွက်မှုများကို စွန့်လွှတ်လိုက်ရခြင်း
  • ရင်းနှီးပတ်သက်မှုဆိုင်ရာ ပြဿနာများ ကြုံတွေ့နေရခြင်း
  • (ယာဉ်) မောင်းနှင်ခြင်းများကဲ့သို့သော အန္တရာယ်ရှိသည့် အခြေအနေများတွင် အသုံးပြုနေခြင်း
  • ရုပ်ပိုင်းနှင့် စိတ်ပိုင်းကျန်းမာရေးပြဿနာများကို ပိုမိုဆိုးရွာလာနေခြင်း
  • တူညီသည့် ခံစားမှုရရှိနိုင်ရန် ပိုမိုအသုံးပြုရန် လိုအပ်လာနေခြင်း (ဆေးယဉ်ပါးလာခြင်း)
  • အသုံးမပြုသည့်အခါ နေထိုင်မကောင်း ခံစားနေရခြင်း (ဆေးဖြတ်သည့်လက္ခဏာများ)

အထက်ဖော်ပြထားသည်များမှ အဖြေမှန်သည် ၂ ခုနှင့် ၂ ခုထက်ပိုပါက အကူအညီရယူရန် အချိန်ကျလာပါပြီ။

အရည်အသွေးပြည့်မီသည့် ကုသမှုကို ကျွန်ုပ်ဘယ်လိုရှာရမလဲ။


  • စကားပြောခြင်း - သင်ချစ်ခင်ရသူ၏ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အကူအညီလိုအပ်မှုတို့အကြောင်း သင်စကားပြောကြည့်ပြီးပြီလား။ အပြန်အလှန်စကားပြောဆိုသည့်အခါ အကူအညီဖြစ်စေမည့် ဤအကြံပြုချက်များကို သတိရပါ -
    • အပြန်အလှန်စကားပြောဆိုရန်အတွက် သေချာစွာစီစဉ်ပြင်ဆင်ပါ။ ထို့အပြင် ဖြစ်နိုင်လျှင် ဆေးကုသမှု အစီအစဉ်များလည်း ရှိနေပါစေ။
    • သင့်ချစ်ခင်ရသူက ဆေးကုသမှုကိုလုံးဝငြင်းဆန်ခဲ့လျှင်လည်း ကျန်းမာမှုဆီသို့ ဦးတည်စေတဲ့နည်းလမ်းတစ်ခုအဖြစ် (ဥပမာ - ကျောက်တောင်တက်ခြင်း၊ ဂီတသင်ခန်းစာများ၊ ယောဂ၊ တရားထိုင်ခြင်း စသည့်) ကျန်းမာရေးနှင့်ညီညွတ်သော အခြားရွေးချယ်စရာများကို စဉ်းစားပေးပါ။ အန္တရာယ်လျှော့ချရေး လုပ်ငန်းစဉ်များကိုလည်း သင်ထည့်သွင်းစဉ်းစားပေးနိုင်ပါသည်။
    • (ဆေးချိန်လွန်ခြင်း သို့မဟုတ် အလွန်အမင်းရန်မူလာခြင်း ကဲ့သို့သော) အရေးပေါ်အခြေအနေတစ်ခုခုရှိလာပါက ဒေသန္တရအာဏာပိုင်အဖွဲ့များကို အမြဲခေါ်ဆိုပါ။ ထို့အပြင် ဘေးအန္တရာယ်များကို အိမ်တိုင်ရာရောက်ကူညီဖြေရှင်းပေးသည့်အဖွဲ့ (mobile crisis unit) ကဲ့သို့သော အကူအညီပေးနိုင်သည့် သင့်လူမှုအဖွဲ့အစည်းရှိ အရင်းအမြစ်များနှင့်လည်း ရင်းနှီးမှုတည်ဆောက်ထားပါ။
  • စူးစမ်းလေ့လာပါ - သင့်ဒေသတွင် ရရှိနိုင်သည့် ဆေးကုသမှုအစီအစဉ်များနှင့်ပတ်သက်ပြီး လေ့လာထားပါ။ ၎င်းတွင် အကြံပြုဆွေးနွေးပေးခြင်း၊ ပြင်ပလူနာ သိုမဟုတ် အတွင်းလူနာ အစီအစဉ်များ၊ ထောက်ပံ့ကူညီရေးအဖွဲ့များ၊ သက်တူရွယ်တူ ပြန်လည်ထူထောင်ရေး အထူးကုများ၊ တောင့်တခြင်းများကို စီမံရန် ဆေးဝါးများနှင့် အခြားအရာများ ပါဝင်ပါသည်။ ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းတိုင်းသည် အရည်အသွေးပြည့်မီသည်မဟုတ်သလို ယုံကြည်ရသည်လည်းမဟုတ်ပါ။ ထို့ကြောင့် ဆေးကုသရေးစင်တာများနှင့်ပတ်သက်၍ သင့်ဘက်မှ စုံစမ်းလေ့လာထားရန်လည်း အရေးကြီးပါသည်။
  • အကဲဖြတ်သုံးသပ်ပါ - နောက်တစ်ဆင့်အနေဖြင့် သင့်ဒေသတွင် မူးယစ်ဆေးဝါးစွဲခြင်းနှင့်ပတ်သက်ပြီ လိုင်စင်ရ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ ရှိပါက သူတို့ထံမှ အကဲဖြတ်သုံးသပ်ချက်တစ်ခု ရယူရန်ဖြစ်ပါသည်။ သူတို့သည် ပြသနာ၏အတိုင်းအတာကို သင်နားလည်စေရန် ကူညီပေးနိုင်မည်ဖြစ်ပြီး သင့်လျော်မှန်ကန်မှုရှိသည့်စောင့်ရှောက်မှုအဆင့်ကို သင့်အတွက်အကြံပြုပေးနိုင်မည် ဖြစ်ပါသည်။ လူအများစုသည် ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုကို မလိုအပ်ပါ။
  • အစီအစဉ်များ - သင့်ချစ်ခင်ရသူ၏ သီးခြားလိုအပ်မှုများနှင့်ကိုက်ညီမှုရှိသည့် ဝန်ဆောင်မှုတစ်ခုကို ရှာဖွေရန်အတွက် ဆေးကုသမှုဆိုင်ရာဝန်ဆောင်မှု ရှာဖွေရေးကိရိယာ သို့မဟုတ် အစိုးရဝက်ဘ်ဆိုက်များကို အသုံးပြုပါ။ သူတို့ထံတွင် လစ်လပ်နေရာများ ရှိ/မရှိကို အတည်ပြုရန် ထိုဝန်ဆောင်မှုများကို ဖုန်းခေါ်ဆိုပါ။ ထို့အပြင် သင့်ချစ်ခင်ရသူ လိုအပ်သည့် စောင့်ရှောက်မှုမျိုး ဆောင်ရွက်ပေးခြင်း ရှိ/မရှိ ကို သေချာစွာ မေးမြန်းပါ။
  • ဆေးကုသမှု - မိသားစု အကြံပြုဆွေးနွေးပေးခြင်းနှင့် ပညာပေးအစီအစဉ်များ ရှိပါက ၎င်းတို့တွင် ပါဝင်ပါ။ သင့်တိုက်တွန်းအားပေးမှုနှင့် ပံ့ပိုးကူညီမှုတို့သည် အမှန်တကယ် ထိရောက်မှုရှိနိုင်ပါသည်။

ဆေးကုသမှုကို ဘယ်လိုအကြံပြုပေးရမလဲ


ဆေးကုသရေးအတွက် ဆွေးနွေးအကြံပြုမှုနှင့်ပတ်သက်လာလျှင် အထူးသဖြင့် ချစ်ခင်ရသူအနေဖြင့် စိတ်ဝင်စားမှုမပြပါက မိသားစုများအနေဖြင့် စိတ်သောကရောက်ရပါသည်။ အပြန်အလှန်စကားဝိုင်း အဆင်ပြေချောမွေ့စေရန် အထောက်အကူပြုပေးမည့် သင်လုပ်ဆောင်နိုင်သည့် အရာအချို့ကို ဤနေရာတွင်ဖော်ပြထားပါသည်။

  • အစီအစဉ်ရေးဆွဲပြီး ကြိုတင်ပြင်ဆင်ပါ -
    • သင့်ချစ်ခင်ရသူ၏ ရှု့ထောင့်ကို နားလည်ပေးပါ။ ဆေးကုသမှု၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများအပေါ် သူတို့ မည်ကဲ့သို့တွေးခေါ်ယူဆပါသနည်း။
    • ဆေးကုသမှုအစီအစဉ်များကို ရှာဖွေလေ့လာပြီး ရွေးချယ်စရာကို ပံ့ပိုးပေးပါ။
  • ပြောဆိုဆက်ဆံရေး နည်းဗျူဟာများ -
    • သူ၏ စိတ်ဝင်စားမှုများနှင့် ဆက်စပ်မှုရှိသည့်အကြောင်းအရာကို အသုံးပြုပါ။ (ဥပမာ - စိတ်ဓာတ်ကျမှု သို့မဟုတ် စိုးရိမ်ပူပန်မှု လျော့နည်းလာခြင်းကြောင့် ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်လာခြင်း စသည့်) ဆေးကုသမှုမှ သူမည်သည့်အရာများရရှိနိုင်ကြောင်း ပြောပြပေးပါ။
    • ယခင်က ကြိုးစားမှုများအပေါ် ပြန်လည်သုံးသပ်ပြီး သင့်ချဉ်းကပ်နည်းကို ချိန်ညှိပါ။ ယခင်ဆေးကုသမှုနှင့်ပတ်သက်၍ သူကြိုက်နှစ်သက်သည့် သို့မဟုတ် မနှစ်သက်သည့်အရာအကြောင်း။
    • အပြန်အလှန်ပြောဆိုမှုကို လေ့ကျင့်ပါ။
  • ပြောင်းလဲမှုအကြောင်း ပြောဆိုခြင်းနှင့် မက်လုံးများ -
    • (ငါ အလုပ်အသစ်တစ်ခု လိုချင်တယ်၊ ငါဒီလိုခံစားရတာမကြိုက်ဘူး၊ ငါ ဒီထက် ပိုက်ဆံအများကြီးရှိချင်လိုက်တာ၊ စသဖြင့်) အပြောင်းအလဲအတွက် ဆန္ဒတစ်ခုကို ညွှန်းပြသည့် အရိပ်ရောင်များကို နားဆင်ပေးပါ။
    • ဆေးကုသမှုသို့ သွားရောက်ရန် မက်လုံးပေးပါ သို့မဟုတ် ဂရုစိုက်စွာနှင့် ချစ်ခင်ရင်းနှီးစွာ ညှိနှိုင်းပေးပါ။

ကျွန်ုပ်၏ ချစ်ခင်ရသူသည် ဆေးကုသမှုအတွက် ငြင်းဆန်နေပါက ဘာတွေလုပ်ရမလဲ။

အမျိုးမျိုးသော အကြောင်းရင်းများကြောင့် လူအများသည် အကူအညီ မရယူနိုင်ခြင်း သို့မဟုတ် မရယူလိုခြင်း ဖြစ်နိုင်ပါသည်။ ဤကဲ့သို့သော ကိစ္စရပ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု၏ အန္တရာယ်ကို လျှော့ချရန် နည်းလမ်းများကို ကြိုးစားကြည့်ရန် အကြံပြုပေးပါ။

ခရီးသွားလာနေသူများအားလုံး ဘေးကင်းလုံခြုံစေရန်ရည်ရွယ်၍ (အရက်သေစာ) သောက်သုံးသူများအနေဖြင့် ယာဉ်မောင်းတစ်ဦးထားရှိရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။ အန္တရာယ်လျှော့ချရေးဟုဆိုရာတွင် အခြားမူးယစ်ဆေးဝါးများအတွက်လည်း အကျုံးဝင်ပါသည်။ ဥပမာ ဆေးချိန်လွန်ခြင်းကို ကုစားရန် နာလိုဇုန်းထားရှိရခြင်း၊ မူးယစ်ဆေးဝါးများ ရောစပ်မှု မပြုခြင်း၊ သန့်ရှင်းသည့် ဆေးထိုးအပ်များနှင့် သန့်ရှင်းသည့် အခြားဆက်စပ်ပစ္စည်းများကို အသုံးပြုခြင်း၊ မူးယစ်ဆေးဝါးကို ဘယ်သောအခါမျှ တစ်ဦးတည်းအသုံးမပြုခြင်း စသည်တို့သည် အန္တရာယ်များလျှော့ချရန်အတွက် အခြားနည်းလမ်းများဖြစ်ပါသည်။

အကျိုးကျေးဇူးများတွင် အောက်ပါတို့ပါဝင်ပါသည် -

  • ဆေးချိန်လွန်ခြင်းနှင့် သေဆုံးမှု လျော့နည်းလာခြင်း
  • ရောဂါပျံ့နှံ့မှုနှင့် ကူးစက်မှုများ လျော့ကျလာခြင်း
  • ပညာရေး၊ အကြံပေးဆွေးနွေးမှုနှင့် ဆေးကုသမှုတို့ကို ပိုမိုအသုံးပြုုနိုင်ခြင်း
  • ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်မှား ကျဆင်းလာခြင်း
  • အပြစ်ဆိုဖွယ်အမည်းစက်များ လျော့နည်းလာခြင်း

ဖန်တာနိုင်းလ်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးပညာပေး

Song for Charlie က ဖန်တီးထားပြီး Meta က လိုက်လျောညီထွေမှုရှိအောင်ပြင်ဆင်ထားသော ဤဖန်တာနိုင်းလ် ဘေးကင်းလုံခြုံရေးအရင်းအမြစ်များသည် မူးယစ်ဆေးဝါးလွဲမှားစွာအသုံးပြုမှုနှင့်ပတ်သက်သည့် အကူအညီများရယူရန်ကြိုးစာနေသူများအတွက်ဖြစ်ပါသည်။

သင်သိထားရန် လိုအပ်သည်များမှာ

ဘေးကင်းလုံခြုံစွာနေထိုင်ပုံ

ဆေးချိန်လွန်ခြင်းတစ်ခုကို မှတ်မိသိရှိနိုင်ရန်နှင့် တုံ့ပြန်နိုင်ရန် လေ့လာပါ

အန္တရာယ်များကို နားလည်သဘောပေါက်ထားခြင်း - အန္တရာကင်းသည့်ရွေးချယ်မှုများအတွက် လမ်းညွှန်

သင်သိထားရန် လိုအပ်သည်များမှာ

ဖန်တာနိုင်းလ်သည် တရားမဝင်ဓာတ်ခွဲခန်းများတွင် တစ်နေ့ထက်တစ်နေ့ တိုး၍တိုး၍ထုတ်လုပ်နေသည့် ပြင်းထန်သည့်သည့် ဓာတုပစ္စည်းများဖြင့် ဖန်တီးထားသည့် အိုမီရွိုက် တစ်မျိုးဖြစ်ပါသည်။ ၎င်းကို oxycodone၊ Percocet နှင့် Xanax ကဲ့သို့သော ဆေးစာဖြင့်ဝယ်ယူရသည့် ပုံမှန်ဆေးများနှင့် ဆင်တူယိုးမှားဖြစ်စေရန် ဆေးဝါးအတုများနှင့် ရောစပ်ပါသည်။ ဤဆေးဝါးအတုများသည် ပမာဏအနည်းငယ်မျှသာ ဖြစ်စေကာမူ အသက်အန္တရာယ်ရှိပါသည်။ မူးယစ်ဆေးဝါးနှင့် ဥပဒေစိုးမိုးရေးဌာန (DEA) ၏အဆိုအရ အမေရိကန်ပြည်ထောင်စုတွင် သိမ်းဆည်းရမိသောဆေးအတု ၁၀ လုံးအနက် ၇ လုံးတွင် တရားမဝင်ဖန်တာနိုင်း ၂ မီလီဂရမ် သို့မဟုတ် ထိုထက်ပိုသောပမာဏပါဝင်ပါသည် — ဤပမာဏသည် သေစေနိုင်သောပမာဏဖြစ်ပါသည်။ အန္တရာယ်ကို သဘောပေါက်နားလည်ထားခြင်းသည် သင်ကိုယ်တိုင်၊ သင့်သူငယ်ချင်းများနှင့် သင့်လူမှုအသိုင်းအဝိုင်းကို ကာကွယ်ရန်အတွက် အခြေခံလိုအပ်ချက် ဖြစ်ပါသည်။

ဘေးကင်းလုံခြုံစွာနေထိုင်ပုံ

မူးယစ်ဆေးဝါးတိုင်းနှင့်ပတ်သက်ပြီး သတိရှိပါ
ဆေးစာဖြင့်ဝယ်ယူရသည့်ဆေးဝါးများ၏ အတုအပပုံစံဆေးများအပြင် တရားမဝင် ဖန်တာနိုင်းလ်ကို ဘိန်းဖြူ၊ ကိုကင်း၊ စိတ်ကြွဆေးကဲ့သို့သော ပုံမှန်လမ်းဘေးမူးယစ်ဆေးဝါများတွင်လည်း တွေ့မြင်ရပါသည်။ ဆေးလုံး၊ အမှုန့်၊ သို့မဟုတ် အခြားအရာဖြစ်နေပါစေ ဆရာဝန်က ညွှန်ကြားထားခြင်းမရှိသော၊ တရားဝင်ဆေးဆိုင်တွင် တင်မထားသော မည်သည့်အရာမဆို အလွန်အန္တရာယ်ရှိနိုင်ကြောင်းကို သိမှတ်ထားရန် အရေးကြီးပါသည်။ ဤဘေးအန္တရာယ်များသည် လက်တွေ့ဘဝတွင် အမှန်တကယ်ရှိနေ/ဖြစ်နေပါသည်။ သို့သော်လည်း ကျိုးကြောင်းသိရှိထားခြင်းဖြင့် သင့်ကိုယ်သင် ကာကွယ်နိုင်ပါသည်။

မျှဝေပြီး ဆွေးနွေးပါ
ဖန်တာနိုင်းလ်ရောစပ်ထားသည့်ဆေးများနှင့် အခြားလမ်းဘေးမူးယစ်ဆေးဝါးများ၏ အန္တရာယ်များအကြောင်း ဆွေးနွေးရန် သင့်သူငယ်ချင်းများနှင့် မိသားစုများနှင့်အတူ အပြန်အလှန်စကားဝိုင်းများစတင်ပါ။ လူအများသည် အန္တရာယ်ရှိသည့်အရာတစ်ခုခုကို သူတို့သိရှိထားခြင်းမရှိဘဲ သုံးဆောင်မိနေနိုင်ပါသည်။ သို့သော် သင့်ပြောဆိုဆွေးနွေးမှုဖြင့် အသိပညာများကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေပေးနိုင်ပါသည်။

မိဘများအတွက် အကြံပြုချက်များ
ဖန်တာနိုင်းလ်အန္တရာယ်နှင့်ပတ်သက်၍ သင့်ကလေးများနှင့် ပြောဆိုဆွေးနွေးရန်မှာ ခက်ခဲကြောင်းသိပါသည်၊ သို့သော် ပြောဆိုဆွေးနွေးရန်လိုအပ်ပါသည်။ အပြန်အလှန်စကားဝိုင်းစတင်ရာတွင် သင့်အားအထောက်အကူဖြစ်စေမည့် အဓိကအချက်များကို ဤနေရာတွင်ဖော်ပြထားပါသည် -

  • ဖန်တာနိုင်းလ်မည်မျှအန္တရာယ်ရှိသည်ကို ရှင်းပြပါ - ဖန်တာနိုင်းလ်သည် — သဲပွင့်အနည်းငယ်နှင့်ညီမျှသည့် — ပမာဏအနည်းငယ်ပင်ဖြစ်စေကာမူ သေစေနိုင်သည်ကို သင့်ကလေးသိစေရန် သေချာစွာပြောပြပါ။
  • ဆေးဝါးအတုများအကြောင်းကို သတိပေးပါ - Perococet သို့မဟုတ် Xanax ကဲ့သို့သော သာမှန်ဆေးဝါးများကနှင့် ဆင်တူသည့် ဆေးဝါးအတုများသည် ဖန်တာနိုင်းလ်နှင့် ရောစပ်ထားကြောင်း သူတို့သိပါစေ။ ထိုဆေးဝါးအတု တစ်လုံးတည်းကိုသာ သောက်သုံးမိစေကာမူ အသက်အန္တရာယ်ရှိနိုင်ပါသည်။
  • ပွင့်လင်းမှုကို အားပေးလှုံ့ဆော်ပေးပါ - သင့်ကလေးများ အွန်လိုင်းပေါ်တွင် တွေ့ရှိသည့်အရာများနှင့် သူငယ်ချင်းများထံမှ ကြားသိရသည်များအကြောင်းကို သင်နှင့်ပြောဆိုဆွေးနွေးနိုင်ပါကြောင်း သင့်ကလေးများအား သိစေပါ။ သူတို့ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် အဓိကအချက်မှာ ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်ထားပေးခြင်းဖြစ်ပါသည်။

ဤအပြန်အလှန်စကားဝိုင်းများသည် သက်သောက်သက်သာရှိကြောင်း ခံစားရမည်မဟုတ်သော်လည်း သင့်ချစ်ခင်ရသူကို ကာကွယ်ရာတွင် များစွာအထောက်အကူဖြစ်စေပါမည်။

ဆေးချိန်လွန်ခြင်းတစ်ခုကို မှတ်မိသိရှိနိုင်ရန်နှင့် တုံ့ပြန်နိုင်ရန် လေ့လာပါ

အိုပီရွိုက်ဆေးချိန်လွန်ခြင်း၏ လက္ခဏာများနှင့် အသက်ကယ်နိုင်ရန် ပြုလုပ်ပုံများကို သိရှိထားခြင်း။ လက္ခဏာများတွင် အသက်ရှုနှေးခြင်း သို့မဟုတ် အသက်မရှုခြင်း၊ အပြာရောင်နှုတ်ခမ်းများ သို့မဟုတ် အပြာရောင်လက်လည်းများနှင့် သတိလစ်ခြင်းတို့ ပါဝင်ပါသည်။ ဆေးချိန်လွန်ခြင်းတစ်ခုကို တွေ့ရှိရသည်ဟု သင်ထင်ပါက အရေးပေါ် ဝန်ဆောင်မှုဌာနများကို ချက်ချင်းဖုန်းခေါ်ဆိုပါ။ ထို့အပြင် naloxone ရှိနေပါက ထိုးပေး/ဖြန်းပေးပါ။

အန္တရာယ်များကို နားလည်သဘောပေါက်ထားခြင်း - အန္တရာကင်းသည့်ရွေးချယ်မှုများအတွက် လမ်းညွှန်

တစ်စုံတစ်ဦးသည် အွန်လိုင်းရောင်းချသူတစ်ဦး သို့မဟုတ် ကုန်တိုက်မှ ဝယ်ယူခဲ့သည့် ဆေးစာဖြင့်ဝယ်ယူရသည့်ဆေးဝါးတစ်ခုကိုဖြစ်စေ၊ ကိုကိန်း သို့မဟုတ် စိတ်ကြွဆေးကဲ့သို့သော သာမန်လမ်းဘေးမူးယစ်ဆေးဝါးများကို သောက်သုံးနေသည်ဟု ယုံကြည်နေသည်ဖြစ်စေ ၎င်းတို့တွင် ဖန်တာနိုင်းလ် ပါဝင်နေနိုင်ကြောင်းကို သူတို့သိရှိထားခြင်းမရှိသောကြောင့် သူတို့သည် အန္တရာယ်အခြေအနေတွင် ရောက်နေနိုင်ပါသည်။

ဆယ်ကျော်သက်များအတွက် -

  • သင့်စိတ်ဖိစီးမှုကို ကျန်းမာရေးနှင့်ညီညွှတ်သောနည်းလမ်းဖြင့် စီမံပါ - မူးယစ်ဆေးဝါးအကူအညီမပါဘဲ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုကို ကိုင်တွယ်ရန် ဗျူဟာများတွင် အောက်ပါတို့ပါဝင်ပါသည် -
    • လေ့ကျင့်ခန်းလုပ်ပါ
    • အိပ်ရေးဝဝအိပ်ပါ
    • အသက်ရှုလေ့ကျင့်ခန်းများနှင့် တရားထိုင်ခြင်းတို့ကို လေ့ကျင့်ပါ
    • အချိန်ဇယားသတ်မှတ်ထားရှိပါ၊ စာရင်းတစ်ခုချရေးထားပါ၊ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုကို လိုက်နာလုပ်ဆောင်ပါ
    • သတိရှိပါ၊ ကြင်နာမှုရှိပြီး အကောင်းဘက်ဖြည့်တွေးပါ
  • ညွှန်ကြားမထားသည့်ဆေးဝါးများကို ရှောင်ကြဉ်ပါ - ဆရာဝန်ညွှန်ကြားမထားသည့် မည်သည့်ဆေးဝါးများကိုမဆို ရှောင်ကြဉ်ခြင်းဖြင့် ဘေးကင်းလုံခြုံအောင်နေပါ။ ဆေးတစ်လုံးတည်းပင်ဖြစ်စေကာမူ ဖန်တာနိုင်းလ်နှင့်ရောစပ်ထားပါက အန္တရာယ်ရှိနိုင်ပါသည်။
  • သင်လေ့လာသင်ယူထားသည်များကို မျှဝေရန် - သင့်သူငယ်ချင်းများကြား အသိပညာမျှဝေပါ။ ဖန်တာနိုင်းလ်နှင့် ဆေးအတုများ၏ အန္တရာယ်အကြောင်းနှင့်ပတ်သက်၍ သင်သိထားသည်များကို အသိပညာရစေရန် သူတို့အား မျှဝေပေးပါ။ ထို့အပြင် ဘေးကင်းသည့်ရွေးချယ်မှုများ လုပ်ဆောင်ရန်အတွက်လည်း သူတို့ကို တိုက်တွန်းအားပေးပါ။

တိုင်ကြားခြင်းနှင့် အရင်းအမြစ်များ

ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်သည်ဟု ယူဆရသော အကြောင်းအရာများနှင့် အပြုအမူများအား တိုင်ကြားပုံကို အောက်ပါလင့်ခ်တွင် သွားရောက်လေ့လာပါ -

နောက်ဆုံးအနေဖြင့် ထောက်ပံ့ကူညီမှုများနှင့် အရင်းအမြစ်များ ပံ့ပိုးပေးသည့် အဖွဲ့အစည်းများကို ကြည့်ပါ။

အမေရိကန်ပြည်ထောင်စု -

ဗြိတိန် -

သင့်ဒေသအတွင်းရှိ အထွေထွေထောက်ပံ့ကူညီရေးအရင်းအမြစ်များအတွက် ကျွန်ုပ်တို့၏ ဘေးအန္တရာယ်ဆိုင်ရာ ပံ့ပိုးကူညီမှု စာမျက်နှာသို့ သွားရောက်ပါ

Meta လိုဂိုတံဆိပ်၊ ပင်မစာမျက်နှာလင့်ခ်

ကျွန်ုပ်တို့ကို စောင့်ကြည့်ပါ

facebook အိုင်ကွန်
Instagram အိုင်ကွန်
YouTube အိုင်ကွန်
Twitter အိုင်ကွန်
LinkedIn အိုင်ကွန်
အန္တရာယ်ကင်းရှင်းရေး ကိရိယာများနှင့် မူဝါဒများကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးစိတ်ကျန်းမာရေးနှင့် ချမ်းသာသုခကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှု တားဆီးရေးအနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းအိုင်တီနှင့်အင်တာနက် တတ်မြောက်မှု