
အိုင်တီနှင့်အင်တာနက် တတ်မြောက်မှု
အိုင်တီနှင့်အင်တာနက် တတ်မြောက်မှုသည် ဒစ်ဂျစ်တယ်ကမ္ဘာတွင် လူများအား ရှင်သန်နိုင်ရန် စွမ်းအားမြှင့်တင်ပေးသည့် မရှိမဖြစ်လိုအပ်သောစွမ်းရည်တစ်ခုဖြစ်ပါသည်။ အောက်ပါ အရင်းအမြစ်များမှာ သင့်အနေဖြင့် ကျန်းမာသောရင်းနှီးပတ်သက်မှုများနှင့် ခံနိုင်ရည်ကို တည်ဆောက်နိုင်ရန်၊ မတူညီသော လူမှုအသိုင်းအဝိုင်းများတွင် စာနာမှု၊ လေးစားမှု၊ ထိတွေ့မှုဖြင့် ဦးဆောင်ဦးရွက်ပြုနိုင်ရန်၊ ဘေးကင်းလုံခြုံစွာနေထိုင်၍ ကောင်းမွန်သောချိတ်ဆက်မှုများပြုလုပ်နိုင်ရန်အတွက်ဖြစ်ပါသည်။
ခြုံငုံသုံးသပ်ချက်
ကျွန်ုပ်တို့သည် ဒစ်ဂျစ်တယ် အန္တရာယ်ကင်းရှင်းရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် သန္နိဋ္ဌာန် ချထားပါသည်။ ထိုအတွက်ကြောင့် အဆင်သင့်အသုံးပြုနိုင်သော သင်ခန်းစာများ၊ အကြံပြုချက်များအပြင် ကျွန်ုပ်တို့၏ အကြောင်းအရာမဏ္ဍိုင် ငါးရပ်ဖြစ်သော – ဒစ်ဂျစ်တယ် အခြေခံသင်တန်းများ၊ ဒစ်ဂျစ်တယ် ကျန်းမာရေး၊ ဒစ်ဂျစ်တယ် ထိတွေ့မှု၊ ဒစ်ဂျစ်တယ် စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် ဒစ်ဂျစ်တယ် အခွင့်အလမ်းများ တစ်ခုစီအတွက် အရင်းအမြစ်များကို ရောယှက်ထားသော Get Digital ကို စတင်ဖြန့်ချိရန်အတွက် ကျွမ်းကျင်သူများနှင့် ကျွန်ုပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။ အထူးသဖြင့် လူငယ်များ၊ ပြုစုစောင့်ရှောက်ပေးသူများနှင့် ပညာသင်ကြားပေးသူများအတွက် အရင်းအမြစ်များရှိပါသည်။
လူငယ်များ
သင်လေ့ာဂ်အင်ဝင်ရောက်သည့်အခါတိုင်း၊ နေရာတိုင်း၌ ကောင်းမွန်မှန်ကန်သော ဆုံးဖြတ်ချက်များပြုလုပ်ရန်အတွက် ကျွန်ုပ်တို့၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်အတူ သင်၏ ချမ်းသာသုခကို ဦးစားပေးဆောင်ရွက်နေစဥ် ဒစ်ဂျစ်တယ်နိုင်ငံသားဖြစ်မှု စွမ်းရည်များကို လေ့လာလိုက်ပါ။ သင့်ကို တစ်ဘဝလုံး ဘေးကင်းစွာနေထိုင်နိုင်ရန်၊ ကူညီပံ့ပိုးပေးသော အသိုင်းအဝိုင်းများကို ရှာဖွေကာ ဦးဆောင်နိုင်ရန်အပြင် နည်းပညာကို အသုံးချ၍ ဖန်တီးနိုင်ရန် ကူညီပေးလိုပါသည်။
မိဘများနှင့် ပြုစုစောင့်ရှောက်သူများ
လူငယ်များအား အင်တာနက်ပေါ်တွင် ဘေးကင်းစွာသွားလာအသုံးပြုနိုင်ရန်နှင့် သူတို့ပတ်ဝန်းကျင်ကမ္ဘာတွင် အပြုသဘောဆောင်သော လွှမ်းမိုးမှုရှိစေဖို့ ၎င်း၏ အရင်းအမြစ်များကို အသုံးပြုရန် အသိပညာများဖြင့် ပံ့ပိုးပေးခြင်းဖြင့် ယခုအခါ ထိုအရာများကို အောင်မြင်မှုရရှိရန် အသင့်ဖြစ်နေပြီဖြစ်သည်။ မည်သည့်နေရာကစတင်ရမည်ကို မသေချာပါက သို့မဟုတ် စကားဝိုင်းကို ရှေ့ဆက်ဖို့အကောင်းဆုံးနည်းလမ်းကို မသိဖြစ်နေပါက သင့်အတွက် ဤအရင်းအမြစ်များရှိနေပါသည်။
ပညာသင်ကြားပေးသူများ
စာသင်ခန်းထဲ၌ အိုင်တီနှင့်အင်တာနက် တတ်မြောက်မှုကို သင်ကြားခြင်းသည် အလွန်အရေးကြီးသော်လည်း မည်သည့်နေရာက စတင်ရမည်ကို စဥ်းစားရခက်ပေမည်။ ကျွန်ုပ်တို့၏ မဏ္ဍိုင်ငါးရပ် သင်ရိုးညွှန်းတမ်းမှ ရွေးချယ်ပြီး သင်ကြားပေးပါ။ သင်ခန်းစာတစ်ခုစီတွင် ဇာတ်ညွှန်းတစ်ခုပါရှိပြီး ပညာသင်ကြားပေးသူနှင့် ကျောင်းသားအတွက် သင်ထောက်ကူပစ္စည်းများ ပါရှိပါသည်။

My Digital World
My Digital World သည် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို တာဝန်သိ၍ အန္တရာယ်ကင်းစွာ အသုံးပြုခြင်းနှင့်ပတ်သက်သည့် စွမ်းရည်များကို ပျိုးထောင်ပေးရန်အတွက် သင်ယူလေ့လာရေးဆိုင်ရာ သင်ခန်းစာများနှင့် အရင်းအမြစ်များကို အသုံးပြုခွင့်ရရှိစေရန် ပံ့ပိုးပေးပါသည်။ ဆာဟာရတောင်ပိုင်း အာဖရိကရှိ ကျွမ်းကျင်သူများနှင့် ပူးပေါင်းဖန်တီးထားသော အဆိုပါအစီအစဥ်ကို အသက် ၁၃-၁၈ နှစ်ရှိသည့် သင်ယူလေ့လာသူများအတွက် ရည်ရွယ်ပြီး ဒစ်ဂျစ်တယ်ဖောင်ဒေးရှင်းများနှင့် ထိတွေ့မှုဆိုင်ရာ အကောင်းဆုံး ကျင့်ထုံးများကို နက်ရှိုင်းစွာဆန်းစစ်လေ့လာခွင့်ပေးထားပါသည်။ မိဘများနှင့် ပညာသင်ကြားပေးသူများအတွက် အရင်းအမြစ်များ ရရှိနိုင်ပါသည်။
We Think Digital
We Think Digital သည် အာရှပစိဖိတ်ဒေသတစ်ဝှမ်းရှိ ကျွမ်းကျင်သူများနှင့် လက်တွဲလုပ်ဆောင်ကာ စွမ်းရည်မြှင့်ထားသော ဒစ်ဂျစ်တယ်နိုင်ငံသားများဖြစ်လာရန် လိုအပ်သည့် စွမ်းရည်များကို မြှင့်တင်ရန်အတွက် လူငယ်များကို ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပါသည်။ ဤအရင်းအမြစ်များကို လူငယ်များအနေဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာတွင် ဘေးကင်းသောနည်းလမ်းများဖြင့် သွားလာအသုံးပြုရန်အတွက် လိုအပ်သည့် အဓိကကျသော ကျွမ်းကျင်မှုစွမ်းရည်များကို ပျိုးထောင်ပေးရာ၌ အကူအညီဖြစ်စေသော သင်ခန်းစာအစီအစဥ်များနှင့် လှုပ်ရှားဆောင်ရွက်မှုများဖြင့် စာသင်ခန်းတွင်ရော အိမ်၌တွင်ပါ ပညာသင်ကြားပေးသူများနှင့် မိသားစုများ အသုံးပြုရန် ဖန်တီးရေးဆွဲထားပါသည်။
Soy Digital
Soy Digital သည် လူငယ်များ ဒစ်ဂျစ်တယ်နေရာများတွင် ဘေးကင်းစွာနှင့် လေးစားလိုက်နာမှုရှိစွာ သွားလာအသုံးပြုရန်အတွက် လိုအပ်သော စွမ်းရည်များအား ပံ့ပိုးပေးခြင်းဖြင့် ဒစ်ဂျစ်တယ်နိုင်ငံသားဖြစ်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်ထားသည့် လက်တင်အမေရိကနှင့် ကာရေဘီယံ အစီအစဉ်တစ်ခုဖြစ်ပါသည်။ အရင်းအမြစ်များနှင့် သင်ထောက်ကူပစ္စည်းများကို ဒေသတွင်း မိတ်ဖက်များနှင့်အတူ ပူးပေါင်းဖန်တီးရေးဆွဲထားပြီး ဒေသတစ်ဝန်းရှိ တိကျသောလိုအပ်ချက်များနှင့် ဦးစားပေးအစီအစဥ်များအတိုင်း လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ထားပါသည်။ အရင်းအမြစ်များသည် အခမဲ့၊ ကိုယ်တိုင်ဖန်တီးခွင့်ရှိပြီး plug-and-play ပုံစံဖြင့် အသုံးပြုနိုင်ပါသည်။ ပါဝင်သော ခေါင်းစဥ်အချို့မှာ - သင်၏ ဒစ်ဂျစ်တယ် အထောက်အထားကို ကာကွယ်ခြင်း၊ ဒစ်ဂျစ်တယ်ပလက်ဖောင်များတွင် သတင်းအချက်အလက်အမှားများကို ရှာဖွေသိရှိပုံ၊ အွန်လိုင်း ကျား/မအခြေပြု အကြမ်းဖက်မှု၊ ရိုက်စားများကို ရှောင်ရှားခြင်းနှင့် ဝေဖန်ပိုင်းခြား စဥ်းစားတွေးခေါ်ခြင်း။

ပိုမိုဖတ်ရှုမယ်

ပိုမိုဖတ်ရှုမယ်

ပိုမိုဖတ်ရှုမယ်