
LGBTQ+ အန္တရာယ်ကင်းရှင်းရေး
LGBTQ+ အသိုင်းအဝိုင်းဆိုင်ရာ အွန်လိုင်းအန္တရာယ်ကင်းရှင်းရေးနှင့်သက်ဆိုင်သော ကိစ္စရပ်များနှင့်ပတ်သက်သည့် အချက်အလက်များ သို့မဟုတ် ကူညီပံ့ပိုးမှုကို ရှာဖွေနေသူတိုင်းအတွက် အရင်းအမြစ်များ၊ ကိရိယာများ၊ မိတ်ဖက်များသာမက မူဝါဒများနှင့်သက်ဆိုင်သော အချက်အလက်များကို ရယူလိုက်ပါ။
ကျွန်ုပ်တို့၏ ချဉ်းကပ်မှု နည်းလမ်း
LGBTQ+ လူများအနေဖြင့် သူတို့ကိုယ်တိုင် တီထွင်ဆန်းသစ်စွာ ဖော်ထုတ်ပြသခြင်း၊ ထောက်ခံအားပေးသော ကွန်ရက်တစ်ခုရှာဖွေခြင်း သို့မဟုတ် အရေးပါသော ရည်မှန်းချက်ဆန္ဒများအတွက် ရန်ပုံငွေမြှင့်တင်ခြင်းစသည့် မည်သည့်အကြောင်းအရင်းအတွက်မဆို ကိုယ်စားပြုခြင်းနှင့် အသိုင်းအဝိုင်းအတွက် နေရာတစ်ခုရှိခြင်းသည် အရေးပါကြောင်း ကျွန်ုပ်တို့သိပါသည်။ ကျွန်ုပ်တို့အနေဖြင့် LGBTQ+ အသိုင်းအဝိုင်းကို သူတို့၏ အသံများမျှဝေရန်အတွက် Meta နည်းပညာဖန်တီးမှုများအား အသုံးပြုစေလိုပါသည်။
Meta တွင် အွန်လိုင်းချိတ်ဆက်မှုအတွက် လုံခြုံသောနေရာရှိရန် အရေးကြီးကြောင်း ကျွန်ုပ်တို့ သိရှိပါသည်။ ပို၍ဘေးကင်းသော အွန်လိုင်းပတ်ဝန်းကျင်တစ်ခု ဖန်တီးတည်ဆောက်ပေးမည့် မူဝါဒများကို ရေးဆွဲရန်နှင့် ကိရိယာများကို ဖန်တီးရန်အတွက် ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ LGBTQ+ အန္တရာယ်ကင်းရှင်းရေးနှင့် အားပေးထောက်ခံသည့် အဖွဲ့အစည်းများနှင့်အတူ မိတ်ဖက်လုပ်ဆောင်ပါသည်။ ဤချဥ်းကပ်မှုနည်းလမ်းသည် အမြဲတစေ ပြောင်းလဲဖြစ်ပေါ်နေပြီး LGBTQ+ အွန်လိုင်း လူမှုအဖွဲ့အစည်းထံမှ ထည့်သွင်းဖြည့်စွက်ချက်မှာ အသိပေးခြင်းနှင့် Meta ၏ နည်းပညာဖန်တီးမှုများနှင့် အစီအစဉ်များအား အဆက်မပြတ်တိုးတက်စေခြင်းတို့အတွက် အရေးပါပါသည်။
သင့်အတွက်ရှာဖွေနေခြင်းဖြစ်စေ၊ သူငယ်ချင်းတစ်ဦးအတွက်ဖြစ်စေ၊ မိသားစုဝင်တစ်ဦးအတွက်ဖြစ်စေ သင့်အွန်လိုင်းအတွေ့အကြုံအား အကာအကွယ်ပေးရာတွင် အထောက်အကူဖြစ်စေရန်အတွက် LGBTQ+ ကူညီပံ့ပိုးမှုကို Facebook၊ Instagram နှင့် အခြားနည်းပညာဖန်တီးမှုများတစ်လျှောက် ရှာဖွေတွေ့ရှိနိုင်ပါသည်။

အထောက်အကူအရင်းအမြစ်များ
သင်သည် အကူအညီ သို့မဟုတ် အားပေးပံ့ပိုးမှုကို လိုအပ်နေပါက သင်ယုံကြည်ရသောတစ်ဦးဦး — သူငယ်ချင်း၊ မိသားစု၊ အုပ်ထိန်းသူ သို့မဟုတ် ဆရာတစ်ဦး — ထံ ဆက်သွယ်ပါ။ မည်သည့်နေရာသို့ သွားရမည်မသိဖြစ်နေပါက လိုအပ်သည့်အချိန်တိုင်းတွင် ကူညီပံ့ပိုးမှုပေးနိုင်သည့် အကူအညီဖုန်းလိုင်းများနှင့် အဖွဲ့အစည်းများသည် ကမ္ဘာတစ်ဝန်းတွင် ရှိပါသည်။
LGBTQ+ ကိရိယာများ
LGBTQ+ မူဝါဒများ

LGBTQ+ ကိရိယာများ
ကျွန်ုပ်တို့၏ မူဝါဒများအပြင် Meta သည် ကျွန်ုပ်တို့၏ နည်းပညာဖန်တီးမှုများပေါ်တွင် အနိုင်ကျင့်စော်ကားမှုအား ကြိုတင်ကာကွယ်တားဆီးရန်နှင့် သင်၏ သက်ဝင်ခံစားမှုကို သင်ကိုယ်တိုင် ထိန်းချုပ်နိုင်စေရန်အတွက် အန္တရာယ်ကင်းရှင်းရေးကိရိယာများကို ပေးထားပါသည်။ LGBTQ+ အွန်လိုင်း ဘေးကင်းလုံခြုံရေးကို တိုးမြှင့်ပေးနိုင်သည့် ကိရိယာများနှင့် အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
LGBTQ+ ကိရိယာများ
LGBTQ+ မူဝါဒများ
လူမှုစံနှုန်းများသည် မျှဝေရန်လက်ခံနိုင်သော အရာများကို သတ်မှတ်ပေးထားသည့်အပြင် အမုန်းစကား၊ အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းသာမက သဘောတူညီမှုမရှိဘဲ မျှဝေထားသော အတွင်းရေးဓာတ်ပုံအပါအဝင် အန္တရာယ်ရှိသော အကြောင်းအရာကို တားဆီးပိတ်ပင်ရာ၌လည်း ကူညီပေးပါသည်။
LGBTQ+ မူဝါဒများ