
အွန်လိုင်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး
Meta တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသည် အမြဲတမ်း ထိပ်တန်းဦးစားပေး ဖြစ်ပါသည်။
ခြုံငုံသုံးသပ်ချက်
ကျွန်ုပ်တို့သည် အွန်လိုင်းပေါ်ရှိ လူငယ်များကို ကာကွယ်ရန်အတွက် လုပ်ငန်းနယ်ပယ်တွင် ဦးဆောင်ဦးရွက်ပြုနေသော သုံးဘက်သွား ချဥ်းကပ်မှုနည်းလမ်းကို ဖန်တီးရေးဆွဲထားပါသည်။ ဦးစွာ ကျွန်ုပ်တို့သည် အန္တရာယ်ဖြစ်ပေါ်လာမှုအား ကြိုတင်ကာကွယ်တားဆီးရေးကို ပထမနေရာတွင် ထားရှိပါသည်။ ဤအရာကို လုံးဝလက်မခံ ခြွင်းချက်မထားသော မူဝါဒများ ပြဋ္ဌာန်းခြင်း၊ ခေတ်မီပြီး ကြိုတင်ကာကွယ်ပေးသော ကိရိယာများကို ဖန်တီးခြင်းဖြင့် လုပ်ဆောင်ပါသည်။ ထို့နောက်တွင် ကျွန်ုပ်တို့သည် အလားအလာရှိသော အန္တရာယ်များကို တိုင်ကြားရာတွင် လွယ်ကူအောင် ပြုလုပ်ပေးပြီး အရေးယူဆောင်ရွက်ရန် တုံ့ပြန်ပေးပါသည်။ ထို့အပြင် လူငယ်များကို ဘေးကင်းအောင်ထားရှိပေးသည့် ကျွန်ုပ်တို့၏ ကိရိယာများကို ပြင်ဆင်မွမ်းမံရန်အတွက် ကမ္ဘာလုံးဆိုင်ရာကျွမ်းကျင်သူများ၊ လုပ်ငန်းမိတ်ဖက်များနှင့်အတူ ကျွန်ုပ်တို့ စဥ်ဆက်မပြတ် ပူးပေါင်းလုပ်ဆောင်ပါသည်။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဂေဟစနစ်တစ်ခု တည်ဆောက်ခြင်း
ကလေးသူငယ်များအပေါ် ကာကွယ်ပေးရေးအတွက် ကျွန်ုပ်တို့၏ လုပ်ငန်းများသည် ပိုမိုကျယ်ပြန်သောအင်တာနက်အထိ တိုးချဲ့နေပါသည်။ ကလေးသူငယ် အန္တရာယ်ကင်းရှင်းရေး ဂေဟစနစ်တစ်ခု ဖန်တီးရန်အတွက် လုပ်ငန်းနယ်ပယ်အသီးသီးမှ ပူးပေါင်းပါဝင်မှု၏ စွမ်းအားကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။
၂၀၁၆ ခုနှစ်မှစတင်၍ ကျွန်ုပ်တို့သည် NGO များနှင့်အတူ ကလေးသူငယ်အန္တရာယ်ကင်းရှင်းရေး hackathon များကို ပုံမှန်ဦးစီးကျင်းပလျက်ရှိပါသည်။ ဤပွဲအစီအစဥ်များသည် အင်တာနက်ကို ကလေးငယ်များအတွက် ပို၍ဘေးအန္တရာယ်ကင်းသော နေရာများဖြစ်အောင်ဖန်တီးရန်အတွက် အာရုံထားသည့် ကုဒ်နှင့် ရှေ့ပြေးပုံစံစီမမံကိန်းများကို ရေးဆွဲခြင်းကို အဓိကထားပါသည်။ ထို့နည်းတူပင် ကျွန်ုပ်တို့၏ ဓာတ်ပုံနှင့် ဗီဒီယိုယှဥ်တွဲသည့် နည်းပညာများကို ၂၀၁၉ ခုနှစ်ကတည်ကပင် လူအများအသုံးပြုနိုင်ရန် ပြုလုပ်ထားပါသည်။ ဤကုဒ်ဖြင့် နည်းပညာနယ်ပယ်တွင် ပြန်လည်ပါဝင်ခြင်းဖြင့် နောက်ထပ်ကုမ္ပဏီများသည် ၎င်းတို့၏ ဝန်ဆောင်မှုများကို ဘေးကင်းအောင်ထားရှိနိုင်စေဖို့ မျှော်လင့်ပါသည်။ ၂၀၂၀ ခုနှစ်တွင် Project Protect ကို ဖွဲ့စည်းတည်ဆောက်ရန်အတွက် လုပ်ငန်းနယ်ပယ်အသီးသီးမှ မိတ်ဖက်များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။ ဤညွှန့်ပေါင်းအဖွဲ့ကို အွန်လိုင်းပေါ်တွင် လူငယ်များအား ကာကွယ်ရန်အပြင် နောင်လာမည့် ၁၅ နှစ်အတွက် Technology Coalition ၏ လုပ်ငန်းဆောင်တာကို လမ်းညွှန်ချက်ပေးရန်အတွက် ဖွဲ့စည်းတည်ထောင်ထားပါသည်။
လုပ်ငန်းအတွင်းပိုင်းတွင် ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းမှ ကျွမ်းကျင်သူများနှင့် NGO များပါဝင်သည့် ကျွန်ုပ်တို့၏ အန္တရာယ်ကင်းရှင်းရေးအကြံပေးများနှင့် အနီးကပ် လက်တွဲလုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့၏ ကြိုးပမ်းမှုများတွင် အွန်လိုင်း ကလေးသူငယ်များအပေါ် အမြတ်ထုတ်ခြင်းကို တိုက်ဖျက်ရန်နှင့် နစ်နာသူများကို ကူညီပံ့ပိုးရေးဝန်ဆောင်မှုများ ပံပိုးပေးရန်အတွက် လုပ်ငန်းနယ်ပယ်အတွင်းရှိ အကောင်းဆုံး လုပ်ထုံးလုပ်နည်းများကို ဖော်ဆောင်ခြင်း၊ နည်းပညာ ဖော်ဆောင်ခြင်းနှင့် မျှဝေခြင်းတို့ပါဝင်ပါသည်။
နည်းပညာဆိုင်ရာ ကြားဝင်ဆောင်ရွက်ပေးမှုများကို အဆင့်မြှင့်တင်ခြင်း
အမြတ်ထုတ်မှုနှင့်ဆိုင်သော အကြောင်းအရာအား မျှဝေသည့် နည်းလမ်းနှင့် လူများမှ မျှဝေသည့်အကြောင်းအရင်းများကို နားလည်သဘောပေါက်ခြင်းသည် ၎င်းကို တွန်းလှန်တိုက်ဖျက်ရန်အတွက် အရေးပါသောအရာဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သုတေသနအား ပိုမိုကောင်းမွန်စွာ အချက်လက်ပေးနိုင်ရန်အတွက် ဤကဲ့သို့သော အကြောင်းအရာကို ဂရုတစိုက် အသေးစိတ်ဆန်းစစ်လေ့လာမှု ပြုလုပ်ပါသည်။
ဤအချက်အလက်များမှ ကျွန်ုပ်တို့ တွေ့ရှိသောအရာများကို ကိရိယာများဖြန့်ချိရန်နှင့် ဤကဲ့သို့ စက်ဆုပ်ရွံ့ရှာဖွယ်အကြောင်းအရာကို မျှဝေခြင်းအား လျှော့ချရန်အတွက် ပစ်မှတ်ထားသော အစီအစဉ်အသစ်များကို စတင်ဖြန့်ချိရန် အသုံးပြုပါသည်။ ဥပမာ အန္တရာယ်ရှိသော အကြောင်းအရာအား ရှာဖွေမှုများကို လျှော့ချရန် ရည်ရွယ်ထားသည့် ရှာဖွေမှုဆိုင်ရာ ကြားဝင်ဆောင်ရွက်ခြင်းကို ဖြန့်ချိထားပါသည်။
Instagram ပေါ်တွင် လူများအား သူတို့၏ ဒေသတွင်း၌ ပျောက်ဆုံးနေသောကလေးသူငယ်များနှင့်ပတ်သက်သည့် သတိပေးချက်ကို မြင်တွေ့ခွင့်နှင့် မျှဝေခွင့်ပေးရန်အတွက် AMBER သတိပေးချက်များ အသုံးပြုမှုကို ကျွန်ုပ်တို့ ရှေ့ပြေးစမ်းသပ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်ကတည်းကပင် Facebook ပေါ်ရှိ AMBER သတိပေးချက်များသည် အာဏာပိုင်များမှ ပျောက်ဆုံးနေသောကလေးငယ်များကိုရှာဖွေရာ၌ အကူအညီပေးရာတွင် အောင်မြင်စွာစွမ်းဆောင်လာနိုင်ခဲ့ပါသည်။

တာဝန်ခံမှုနှင့် စည်းကမ်းထိန်းသိမ်းမှု အစီရင်ခံစာများ
အသုံးပြုသူများ၏ ကိုယ်ရေးလုံခြုံမှု၊ ဘေးကင်းလုံခြုံမှုနှင့် အွန်လိုင်းအချက်အလက်ရယူနိုင်မှုကို ကျွန်ုပ်တို့ ကာကွယ်ပေးရာတွင် ပွင့်လင်းပြီး ကြိုတင်လက်ဦးမှုရှိစေရန် ကျွန်ုပ်တို့ အားထုတ်ပါသည်။ ကျွန်ုပ်တို့၏ သုံးလတစ်ကြိမ် လူမှုစံနှုန်းများဆိုင်ရာ စည်းကမ်းထိန်းသိမ်းမှု အစီရင်ခံစာ၌ ပါဝင်သည့်အရာများမှာ -
ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုအကြောင်းအရာ ပပျောက်ရေး
ကျွန်ုပ်တို့သည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကိရိယာအသစ်များကို စဥ်ဆက်မပြတ် ပြင်ဆင်ဖန်တီးလျှက်ရှိပါသည်။ ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်နေသော ကွန်ရက်များကို ရှာဖွေဖော်ထုတ်၍ ဖယ်ရှားရန်အတွက် ကျွန်ုပ်တို့၏ လုပ်ငန်းများကို တိုးချဲ့ထားသလို ချိုးဖောက်နေသောအကြောင်းအရာအား တိုင်ကြားရာတွင် လွယ်ကူစေရန်အတွက်လည်း ပြုလုပ်ထားပါသည်။ ဤနေရာတွင် ထုတ်ကုန်လုပ်ဆောင်ချက်အချို့ကို ကြည့်ပါ (အသုံးပြုသူမှ မမြင်နိုင်ပါ) -
Facebook နှင့် Instagram ပေါ်၌ မည်သည့်အကြောင်းအရာများအား ခွင့်ပြုသည်ကို ကျွန်ုပ်တို့၏ ကလေးသူငယ် အန္တရာယ်ကင်းရှင်းရေး မူဝါဒများ တွင်ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ ချိုးဖောက်မှုများတွင် ကလေးငယ်များ၏ အပြစ်ကင်းသောဓာတ်ပုံများကို သင့်လျော်မှုမရှိသော စာညွှန်းများ၊ ဟက်ရှ်တပ်ဂ်များ သို့မဟုတ် မှတ်ချက်များဖြင့် မျှဝေခြင်းများပါဝင်ပါသည်။
ကလေးသူငယ်များအား ကာကွယ်ရာတွင် ပါဝင်ကူညီပေးပါ
လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု သို့မဟုတ် ကလေးငယ်များကို အန္တရာယ်ဖြစ်စေသည့် အကြောင်းအရာများကို ကျွန်ုပ်တို့ခွင့်မပြုပါ။ သို့သော် တစ်ခါတစ်ရံ လူများသည် ကလေးငယ်များ၏ လိင်အသားပေး ဓာတ်ပုံများနှင့် ဗီဒီယိုများကို တင်နေဆဲဖြစ်သည်။ အန္တရာယ်ပေးရန် ရည်ရွယ်မထားစေကာမူ ဤကဲ့သို့သောအကြောင်းအရာကို ပြန်တင်ခြင်းသည် ထိုကလေးသူငယ်ကို ထပ်မံဒုက္ခရောက်စေကြောင်း ကျွန်ုပ်တို့ သိပါသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို ဤအကြောင်းအရာအား မျှဝေခြင်းသည် ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်ပါသည်။
လူများအနေဖြင့် ဤဓာတ်ပုံများအား အွန်လိုင်းပေါ်တွင် ထပ်မံမျှဝေခြင်းမပြုမီ ခေတ္တရပ်ဆိုင်း၍ စဥ်းစားရန်နှင့် ထိုသို့မျှဝေမည့်အစား ကျွန်ုပ်တို့ထံသို့ တိုင်ကြားပေးရန် တိုက်တွန်းအားပေးသည့် PSA ကမ်ပိန်းအသစ်တစ်ခုကို စတင်ဖြန့်ချိရန်အတွက် လူထုအသိပညာပေးကျွမ်းကျင်သူများနှင့် ကျွန်ုပ်တို့ ဆောင်ရွက်လျက်ရှိပါသည်။
တိုင်ကြားခြင်းသည် ကလေးငယ်အပေါ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုအကြောင်းအရာ ပျံ့နှံ့ခြင်းကို တားဆီးနိုင်ပြီး ကလေးငယ်များအပေါ် အန္တရာယ်ဖြစ်စေမှုမှ ကာကွယ်နိုင်ပါသည်။
ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုအကြောင်းအရာများ ပျံ့နှံ့မှုကို တိုက်ဖျက်ရန်အတွက် လုပ်ငန်းနယ်ပယ်အနှံ့မှ ပူးပေါင်းဆောင်ရွက်မှု
Meta ၏ ကူညီပံ့ပိုးမှုနှင့်အတူ NCMEC မှ ဖန်တီးထားသော Take It Down ပေါ်တယ်သည် အွန်လိုင်းပေါ်မှ ဝတ်လစ်စားလစ်ပုံဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ဝတ်လစ်စားလစ် ဖြစ်နေသော ပုံများဖြစ်စေ၊ သင့်အသက် ၁၈* နှစ်မပြည့်မီ ရိုက်ကူးခံခဲ့ရသည့် လိင်အသားပေးဖော်ပြသောပုံများ နှင့် ဗီဒီယီုများကို ဖယ်ရှားရန်အတွက် သင့်အနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်သော ခြေလှမ်းတစ်လှမ်းဖြစ်ပါသည်။
Take It Down သည် ဝတ်လစ်စားလစ်ပုံများဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ဝတ်လစ်စားလစ်ပုံများဖြစ်စေ၊ အသစ်အရွယ် ၁၈ နှစ်အောက် လူများ၏ လိင်အသားပေး ဖော်ပြထားသောပုံများနှင့် ဗီဒီယိုများကို ဟက်ရှ်တန်ဖိုးဟုခေါ်သော သီးသန့်ဒစ်ဂျစ်တယ်လက်ဗွေရာတစ်ခုကို သတ်မှတ်ထည့်သွင်းခြင်းဖြင့် လုပ်ဆောင်ပါသည်။ အွန်လိုင်း ပလက်ဖောင်းများတွင် ပူးပေါင်းပါဝင်ခြင်းဖြင် သူတို့၏ ဝန်ဆောင်မှုများပေါ်ရှိ ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများ၏ ပို့စ်များကို ရှာဖွေဖော်ထုတ်ရန်နှင့် ၎င်းအကြောင်းအရာကို ဖယ်ရှားရန်အတွက် ဟက်ရှ်တန်ဖိုးများကို အသုံးပြုနိုင်ပါသည်။ ထိုဓာတ်ပုံ သို့မဟုတ် ဗီဒီယိုသည် သင့်ဖုန်း/ကွန်ပျူတာမှ ထွက်သွားခြင်းမဟုတ်ဘဲ ဤအဆင့်များအားလုံး ဆောင်ရွက်ပြီးစီးစေပါသည်၊ ဟက်ရှ်တန်ဖိုးသာ Take It Down သို့ အပ်လုဒ်လုပ်တင်ပေးပြီး NCMEC သို့ ပေးပို့ပေးမည်ဖြစ်ပါသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ပူးပေါင်းပါဝင်သည့် ကုမ္ပဏီများ၏ ပလက်ဖောင်းတစ်ခုခုပေါ်တွင် ကိုက်ညီသည့် ပုံတစ်ပုံ တင်ရန် ကြိုးစားပါက ၎င်းကမ္ပဏီသည် သူတို့၏ ပလက်ဖောင်းပေါ်မှ ထိုအကြောင်းအရာသည် သူတို့၏မူဝါဒအား ချိုးဖောက်မှုရှိ/မရှိကို စိစစ်သုံးသပ်ပြီး သင့်လျော်ရာ ဆောင်ရွက်မှုကို ပြုလုပ်ပါလိမ့်မည်။
*အကယ်၍ သင်သည် အသက် ၁၈ နှစ်အထက်ဖြစ်ပြီး သင့်အတွင်းရေးဓာတ်ပုံ သို့မဟုတ် ဗီဒီယိုသည် မျှဝေခံရနိုင်သည် သို့မဟုတ် ထပ်ဆင့်မျှဝေခံရမည်ကို စိုးရိပ်ပူပန်နေပါက အဆင့်အဆင့်ထပ်မံ ပျံ့နှံ့မှုကို တားဆီးရန်အတွက် StopNCII.org တွင် အဆင့်အဆင့်လုပ်ဆောင်နိုင်ပါသည်။
လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း ပပျောက်ရေး
လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းသည် သင်ဆန္ဒမရှိသောသောအရာများကို လုပ်ဆောင်စေရန် အတွင်းရေးဓာတ်ပုံများ ဖော်ထုတ်မည်ဟု ခြိမ်းခြောက်ခြင်း ဖြစ်ပါသည်။ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း ပပျောက်ရေး အရင်းအမြစ်များသည် ပံ့ပိုးကူညီမှုနှင့် အချက်အလက်များကို ရှာဖွေနေသူများအတွက် အထောက်အကူပြုပါသည်။

ကျွန်ုပ်တို့၏ မူဝါဒများ
လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု သို့မဟုတ် ကလေးငယ်များကို အန္တရာယ်ဖြစ်စေသည့် အကြောင်းအရာများကို ကျွန်ုပ်တို့ခွင့်မပြုပါ။ ပေါ်လွင်ထင်ရှားသော ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းကို ကျွန်ုပ်တို့သိရှိလာသည့်အခါ NCMEC (ပျောက်ဆုံးနေသော၊ အမြတ်ထုတ်ခံရသော ကလေးငယ်များအတွက် အမျိုးသားစင်တာ) သို့ သတင်းပေးပို့ပါသည်။ NCMEC သည် ကမ္ဘာတစ်ဝန်းမှ ဥပဒေစိုးမိုးရေး အာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပါသည်။
အွန်လိုင်းပေါ်ရှိ အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ မူဝါဒများနှင့် စည်းကမ်းထိန်းသိမ်းမှုအပေါ် ဆွေးနွေးရန်နှင့် တိုးတက်ကောင်းမွန်အောင်ပြုလုပ်ရန်အတွက် ပြင်ပကျွမ်းကျင်သူများနှင့်အတူ ကျွန်ုပ်တို့ လက်တွဲလုပ်ဆောင်ပါသည်။
လူများသည် ကလေးသူငယ်များ၏ ဝတ်လစ်စားလစ်ပုံများကို ဒေါသအလျောက် သို့မဟုတ် နုံနဲသော ဟာသစိတ်ကြောင့်အပါအဝင် အကြောင်းပြချက်အမျိုးမျိုးဖြင့် မျှဝေကြသည်။ တစ်ခါတစ်ရံတွင် လူများသည် သူတို့ကလေးငယ်များ၏ ဝတ်လစ်စားလစ်ပုံများကို ကောင်းသောရည်ရွယ်ချက်များဖြင့် မျှဝေသည်ကို ကျွန်ုပ်တို့ သိပါသည်။ သို့သော်လည်း ဤကဲ့သို့ဓာတ်ပုံများကို အခြားသူများမှ အလွဲသုံးစားပြုလုပ်နိုင်ခြေရှိသောကြောင့် ၎င်းတို့ကို ပုံမှန်အားဖြင့် ဖယ်ရှားပါသည်။ ဤအရာသည် ဓာတ်ပုံများအား အခြားသူများမှ ပြန်အသုံးပြုခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်း စသည့် အလားအလာရှိသောအခြေအနေများကို ရှောင်ရှားရာတွင် အကူအညီဖြစ်စေပါသည်။
အက်ပ်ပေါတွင် မည်သည့်အရာများအား ခွင့်ပြု၍ မည်သည့်အရာများအား ခွင့်မပြုသည်ကို လူမှုစံနှုန်းများတွင် ရှင်းလင်းဖော်ပြထားပါသည်။ ကလေးသူငယ်အပေါ် အမြတ်ထုတ်ခြင်းနှင့်ဆိုင်သော ကျွန်ုပ်တို့၏ မူဝါဒများသည် ဤလမ်းညွှန်ချက်များထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သလို ၎င်းကို ထိရောက်စွာ ပြဌာန်းထားပါသည်။