
ဘေးကင်းလုံခြုံရေး ကိရိယာများနှင့် မူဝါဒများ
သင့်ထံတွင် တာဝန်ရှိပါသည်။ Meta တွင် လူများအနေဖြင့် မည်သည့်အရာများမျှဝေမည်၊ မည်သူတို့နှင့် မျှဝေမည်၊ မည်သည့်အရာများကို ကြည့်ရှုပြီး မည်သည့်အရာများကို တွေ့ကြုံခံစားမည်၊ မည်သူတို့နှင့် ဆက်သွယ်မည် စသည်တို့အပေါ် သူတို့ကိုယ်တိုင် ထိန်းချုပ်နိုင်ပါသည်။
ခြုံငုံသုံးသပ်ချက်

ပိုမိုကောင်းမွန်သော အွန်လိုင်းဘေးကင်းရေးအတွက် ကျွန်ုပ်တို့၏ ကိရိယာများနှင့် အရင်းအမြစ်များ ပြခန်းသည် ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ထောက်ခံအားပေးပြီး ထင်ဟပ်စေပါသည်။ Meta အက်ပ်များပေါ်တွင် သင့်တွေ့ကြုံခံစားမှုကို သင်ကိုယ်တိုင်ထိန်းချုပ်နိုင်ရန် ကျွန်ုပ်တို့၏ အန္တရာယ်ကင်းရှင်းရေးကိရိယာများမှ မည်ကဲ့သို့ လုပ်ဆောင်နေသည်ကို လေ့လာပါ။
အန္တရာယ်ကင်းရှင်းရေးကိရိယာများကို တီထွင်ဖန်တီးရခြင်းအတွက် ကျွန်ုပ်တို့၏ရည်ရွယ်ချက်များမှာ ရိုးရှင်းပါသည်။ ကျွန်ုပ်တို့သည် သင့်အား အောက်ပါတို့ကို ရရှိစေလိုပါသည် -
Meta နည်းပညာဖန်တီးမှုပေါ်တွင် သင်သည် တာဝန်ရှိသူဖြစ်ပြီး မည်သည့်အရာကိုမျှဝေရန် ရွေးချယ်မည်၊ အခြားသူများအား သင့်ထံမှ မည်သည့်အကြောင်းအရာများကို မြင်တွေ့စေပြီး တွေ့ကြုံခံစားစေမည်၊ သင့်အားမည်သူတို့က ဆက်သွယ်နိုင်မည် စသည်တို့ကို သင့်အနေဖြင့် ထိန်းချုပ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ အန္တရာယ်ကင်းရှင်းရေးကိရိယာများကို အကောင်းဆုံးအကျိုးရှိစွာ အသုံးချခြင်းသည် သင့်အား ပိုမိုကောင်းမွန်သည့် တွေ့ကြုံခံစားမှုကို ထောက်ပံ့ပေးပါမည်။
ဘေးကင်းလုံခြုံစွာ နေထိုင်ရန် - အခြားသူများနှင့်သူငယ်ချင်းဖွဲ့ခြင်း၊ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များ မျှဝေခြင်းနှင့် ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်သည့် အကြောင်းအရာများအား တိုင်ကြားခြင်းတို့ကို ထိန်းချုပ်ခြင်းတို့ ပါဝင်သည့် ပိုမိုလုံခြုံမှုရှိသည့် ပလက်ဖောင်းဖန်တီးတင်ဆက်မှုပုံစံ မည်ကဲ့သို့ ဖန်တီးရမည်ကို လေ့လာပါ။
သင့်အကောင့်ကို လုံခြုံစွာထားရှိရန် - အားကောင်းသည့် စကားဝှက်များ မည်သို့ထားရှိပြီး နှစ်ဆင့်ခံလုံခြုံရေးစနစ်ကဲ့သို့သော လော့ဂ်အင်ဝင်သည့် ကိရိယာများအား မည်သို့အသုံးပြုရမည်ကို လေ့လာပါ။ သင့်အကောင့် လှည့်ဖျားခိုးယူခံထားရကြောင်း ယူဆရပါက သို့မဟုတ် ဘေးကင်းလုံခြုံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ တိုင်ကြားရန် လိုအပ်လာပါက မည်သည့်အရာများလုပ်ဆောင်ရမည်ကို နားလည်ထားပါ။
ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ခြင်း - သင့်ပို့စ်များအား မည်သူတို့က မြင်တွေ့နိုင်ပြီး မည်သည့်အချက်အလက်များသည် အများမြင်အဖြစ် ရရှိနေကြောင်းကို သိရှိနိုင်ရန် လေ့လာပါ။ တစ်စုံတစ်ဦးက သင့်အကောင့်အား အမည်ကတ်တွဲသည့်အခါတွင်သော်လည်းကောင်း သင့်တိုင်းမ်လိုင်းပေါ်တွင် ပို့စ်တင်လိုသည့်အခါတွင်လည်းကောင်း အဆိုပါအချက်အလက်များကို မည်ကဲ့သို့ စိစစ်သုံးသပ်ရမည်ကို လေ့လာပါ။
အန္တရာယ်ကင်းရှင်းရေး ကိရိယာများ
ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိရိယာများ
ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ကိရိယာများ
ချမ်းသာသုခဆိုင်ရာ ကိရိယာများ
ရိုက်စားကာကွယ်တားဆီးခြင်း
ရိုက်စားများကို ရှောင်ကြဥ်ရန် အကြံပြုချက်များ

အန္တရာယ်ကင်းရှင်းရေး ကိရိယာများ
ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်း အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ အလေးထားပါသည်။ ကျွန်ုပ်တို့၏ ကိရိယာများသည် သင့်အကောင့်အား ဘေးကင်းလုံခြုံစေရန်နှင့် သင့်ကိုယ်ရေးလုံခြုံမှုအား ကာကွယ်ရန်အတွက် ဆောင်ရွက်နိုင်ပါသည်။
ဘေးကင်းလုံခြုံစွာ နေထိုင်ရန်

ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိရိယာများ
ဘေးကင်းလုံခြုံရေးကို Meta နည်းပညာဖန်တီးမှုတိုင်းတွင် ထည့်သွင်းတည်ဆောက်ထားပါသည်။ သင့်အကောင့်အား ထပ်ဆောင်းကာကွယ်ရေးအဆင့်သို့ ရောက်ရှိနိုင်ရေးကို အထောက်အကူဖြစ်စေရန်အတွက် များစွာသော ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များလည်းကို ကျွန်ုပ်တို့ ပံ့ပိုးပေးပါသည်။
သင့်အကောင့်ကို လုံခြုံအောင် လုပ်ဆောင်ရန်

ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ကိရိယာများ
Meta နည်းပညာဖန်တီးမှုများပေါ်တွင် အကြောင်းအရာများကို သင်မျှဝေသည့်အခါ သင့်သူငယ်ချင်းများနှင့် လူအများအား မည်သည့်အချက်အလက်များကို မြင်စေရန် သင်ထိန်းချုပ်နိုင်ပါသည်။ သင့်အကြောင်းအရာများကို မည်သူတို့မှ မြင်တွေ့နိုင်မည်ကို သင့်စိတ်ကြိုက်ဆုံးဖြတ်နိုင်ပါသည်။
သီးသန့်အချက်အလက်များကို ကာကွယ်ရန်
ချမ်းသာသုခဆိုင်ရာ ကိရိယာများ
လူများသည် လူမှုကွန်ရက်ပေါ်မှ သူတို့၏ တွေ့ကြုံခံစားမှုကို သူတို့အတွက် အဆင်ပြေသည့်နည်းလမ်းနှင့် သူတို့၏ ချမ်းသာသုခကို ပံ့ပိုးပေးသည့်နည်းလမ်းတို့ဖြင့် ထိန်းချုပ်လိုသည်ကို ကျွန်ုပ်တို့ သိပါသည်။ ထို့ကြောင့် လူများကို သူတို့၏ အချိန်အား စီမံခန့်ခွဲနိုင်ခွင့်၊ မလိုလားအပ်သည့် တုံ့ပြန်ဆက်သွယ်မှုများကို တားဆီးခွင့်နှင့် သူတို့ မည်သည့်အကြောင်းအရာနှင့် မည်သည့်အကောင့်အမျိုးအစားများကို မြင်တွေ့လိုသည်ကို ထိန်းချုပ်ခွင့်ပေးသည့် လုပ်ဆောင်ချက်များကို ကျွန်ုပ်တို့ စတင်မိတ်ဆက်ခဲ့ပြီး ဖြစ်ပါသည်။ ဤနေရာတွင် အဆိုပါကိရိယာများအား ဖွင့်ပုံနှင့် အသုံးပြုပုံနှင့်ပတ်သက်သည့် ထပ်ဆောင်းအချက်အလက်များကို သင်တွေ့နိုင်ပါလိမ့်မည်။
သင့်ချမ်းသာသုခကို ပံ့ပိုးရန်

ရိုက်စားကာကွယ်တားဆီးခြင်း
ရိုက်စားများသည် ကမ္ဘာတစ်ဝှမ်းမှလူများကို အင်တာနက်မှတစ်ဆင့် ပစ်မှတ်ထားသည့်အတွက် အဆိုပါလူများအပေါ် တွင် ရိုက်စားများ၏ သက်ရောက်မှုရှိသည်ကို ကျွန်ုပ်တို့သိပါသည်။ ကျွန်ုပ်တို့၏ အသုံးပြုသူများကို ရိုက်စားများမှကာကွယ်ရန် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် အထောက်အပံ့စနစ်များအပေါ် ရင်းနှီးမြုပ်နှံသွားမည်ဖြစ်သည်။
ရိုက်စားများထံမှ ဘေးကင်းလုံခြုံစွာနေပုံလေ့လာပါ။

ရိုက်စားများကို ရှောင်ကြဥ်ရန် အကြံပြုချက်များ
Meta နည်းပညာဖန်တီးမှုများပေါ်မှ သင်၏ သုံးစွဲမှုပုံစံသည် အန္တရာယ်ကင်းပြီး ဘေးကင်းလုံခြုံသင့်ပါသည်။ ဤအကြံပြုချက်များသည် သင့်အား ရိုက်စားများထံမှ ရှောင်ကြဉ်နိုင်ရန်နှင့် သင့်အကောင့်များအား ကာကွယ်ရန်အတွက် သင့်အား အထောက်အကူပြုနိုင်ပါသည်။
ပိုမိုလေ့လာရန်

Meta ဘေးကင်းလုံခြုံရေး မူဝါဒများ
ဘေးကင်းလုံခြုံသည့် Meta နည်းပညာဖန်တီးမှုများ ဖြစ်စေရေးအတွက် ကျွန်ုပ်တို့ ကတိကဝတ်ပြုထားပါသည်။ ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်သည့် အကြောင်းအရာများကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်။ လူထုကို ခြိမ်းခြောက်သည့် အကြောင်းအရာသည် အခြားသူများကို ခြိမ်းခြောက်ရန်၊ ဘေးဖယ်ထုတ်ရန် သို့မဟုတ် နှုတ်ဆိတ်နေစေရန် အလားအလာရှိသောကြောင့် ၎င်းတို့ကို ကျွန်ုပ်တို့၏ နည်းပညာဖန်တီးမှုများပေါ်တွင် ခွင့်မပြုပါ။
ကျွန်ုပ်တို့၏ မူဝါဒများအကြောင်း ပိုမိုလေ့လာလိုက်ပါ

ပိုမိုဖတ်ရှုမယ်

ပိုမိုဖတ်ရှုမယ်
ဗီဒီယို ကြည့်မယ်
ဗီဒီယို ကြည့်မယ်
ဗီဒီယို ကြည့်မယ်
ဗီဒီယို ကြည့်မယ်
ဗီဒီယို ကြည့်မယ်