အန္တရာယ်ကင်းရှင်းရေး ကိရိယာများနှင့် မူဝါဒများ
အန္တရာယ်ကင်းရှင်းရေးအတွက် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ကိုယ်စီရှိကြပြီး ကျွန်ုပ်တို့အားလုံး အပြန်အလှန်ဆွေးနွေးတိုင်ပင်ရမည့်အရာ တစ်ခုဖြစ်ပါသည်။ အန္တရာယ်ကင်းရှင်းရေးအတွက် Meta ၏ ချဉ်းကပ်ပုံနည်းလမ်းနှင့် သင်အသုံးပြုနိုင်မည့် ကိရိယာနှင့် အရင်းအမြစ်များအကြောင်းကို လေ့လာပါ။
အွန်လိုင်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး
ကလေးသူငယ်များကို အွန်လိုင်းပေါ်တွင် အမြတ်ထုတ်ခြင်းကို တိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို့၏ အားစိုက်ထုတ်မှုများအပါအဝင် ကျွန်ုပ်တို့၏ နည်းပညာဖန်တီးမှုများအနှံ့ ကလေးသူငယ်အန္တရာယ်ကင်းရှင်းရေးအတွက် Meta ၏ ကျယ်ပြန့်သောချဥ်းကပ်မှုနည်းလမ်းအကြောင်း လေ့လာလိုက်ပါ။
စိတ်ကျန်းမာရေးနှင့် ချမ်းသာသုခ
အွန်လိုင်း ချမ်းသာသုခသည် အလုံးစုံချမ်းသာသုခအတွက် တဖြည်းဖြည်း အရေးပါလာပါသည်။ သင့်ကိုယ်တိုင်၊ သင့်မိသားစုနှင့် သင့်အသိုင်းအဝိုင်းရှိ အခြားသူများအတွက် ဒစ်ဂျစ်တယ် ချမ်းသာသုခကို ပံ့ပိုးပေးသည့် ကိရိယာများနှင့် အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
အနိုင်ကျင့်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်း
Meta သည် အနိုင်ကျင့်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်းကို အလေးအနက်ထား၍ တိုင်ကြားမှုများ ပြုလုပ်ပါသည်။ အနိုင်ကျင့်ခြင်း ကာကွယ်တားဆီးရေး၊ အတွင်းရေးဓာတ်ပုံဆိုင်ရာ အလွဲသုံးစားပြုမှုနှင့်ပတ်သက်သော ကိရိယာများနှင့် ကျွမ်းကျင်သူကျောထောက်နောက်ခံပြု အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
အိုင်တီနှင့်အင်တာနက် တတ်မြောက်မှု
Meta တွင် သင်ယူလေ့လာသူများအနေဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာ၌ ရှင်သန်နိုင်ရန်လိုအပ်သော ကျွမ်းကျင်မှုများနှင့် အသိပညာများရယူနိုင်စေရန်အတွက် အိုင်တီနှင့်အင်တာနက် တတ်မြောက်မှုအရင်းအမြစ်များရှိပါသည်။ လူငယ်များ၊ မိဘများနှင့် ပညာသင်ကြားပေးသူများအတွက် နေရာဒေသအလိုက် လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ထားသော အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
အတွင်းရေးဓာတ်ပုံအလွဲသုံးစားပြုမှုနှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း
Meta သည် သဘောတူညီချက်မရှိသည့် အတွင်းရေး ဓာတ်ပုံများ (NCII) အား မျှဝေခြင်းကို တင်းကြပ်စွာ တားမြစ်ထားပါသည်။ သင်၏ ကိုယ်ရေးကိုယ်တာဓာတ်ပုံများကို တစ်စုံတစ်ဦးက မျှဝေခြင်း သို့မဟုတ် တစ်စုံတစ်ဦးမှ ဤသို့လုပ်ဆောင်ရန် ခြိမ်းခြောက်ခြင်းကြောင့် သင်သည် မတရားအမြတ်ထုတ်ခြင်းခံရပါက မည်ကဲ့သို့ ချက်ချင်း အရေးယူဆောင်ရွက်ရမည်ကို ဤစာမျက်နှာတွင် ရှင်းပြထားပါသည်။
မူးယစ်ဆေးဝါး လွဲမှားစွာအသုံးပြုမှုနှင့် အလွဲသုံစားပြုမှု
ဤအရင်းအမြစ်များသည် မူးယစ်ဆေဝါးအသုံးပြုမှု ကာကွယ်တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သည့် အကူအညီများနှင့် အချက်အလက်များရယူရန် ကြိုးစားနေသူများအတွက်ဖြစ်ပြီး ဤအရင်းအမြစ်များကို Partnership to End Addiction နှင့် Song for Charle တို့နှင့်ပူးပေါင်း၍ ဖန်တီးထားခြင်းဖြစ်ပါသည်။
အမျိုးသမီးများ
ကျွန်ုပ်တို့၏ ပလက်ဖောင်းများကို အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံသော နေရာတစ်ခုအဖြစ် ဖန်တီးရန်အတွက် Meta ၏ ကျယ်ပြန့်သော ချဉ်းကပ်မှုနည်းလမ်းအကြောင်းကို လေ့လာပါ။
LGBTQ+
LGBTQ+ အသိုင်းအဝိုင်းသည် Meta အသိုင်းအဝိုင်း၏ အမြဲတမ်း အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ LGBTQ+ အွန်လိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် သက်ဆိုင်သော ကူညီပံ့ပိုးမှုနှင့် အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
မိဘများ
Meta တွင် အွန်လိုင်းပေါ်ရှိ လူငယ်များ၏ အန္တရာယ်ကင်းရှင်းရေးနှင့် ချမ်းသာသုခကို ကာကွယ်ပေးရန်အတွက် ကျွန်ုပ်တို့အနေဖြင့် မိဘများနှင့် ပြုစုစောင့်ရှောက်ပေးသူများကို မူဝါဒများ၊ အရင်းအမြစ်များနှင့် ကိရိယာများ ပံ့ပိုးပေးပါသည်။
လူငယ်များ အန္တရာယ်ကင်းရှင်းရေး
လူငယ်များ ဘေးကင်းလုံခြုံစွာနေထိုင်ဖို့ ပညာပေးရန်နှင့် အားပေးမြှင့်တင်ရန်၊ သူတို့၏ ချမ်းသာသုခကို ဦးစားပေးရန်၊ အပြုသဘောဆောင်သော ပြောင်းလဲမှုကို ဖန်တီးရန်သာမက အနိုင်ကျင့်ခြင်း သို့မဟုတ် မိမိကိုယ်ကိုသေကြောင်းကြံမည့်အတွေးများကြောင့် ရုန်းကန်နေရသူများကို တားဆီးရန် သို့မဟုတ် တုန့်ပြန်ရန် Meta ၏ ကိရိယာများနှင့် အရင်းအမြစ်များအကြောင်းလေ့လာပါ။
ပညာသင်ကြားပေးသူများ
ကျောင်းသားများအနေဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာ၌ ရှင်သန်တိုးတက်နိုင်ရန်လိုအပ်သော ကျွမ်းကျင်မှုများနှင့် အသိပညာများရယူနိုင်စေရန်အတွက် မည်ကဲ့သို့ ကူညီပေးနိုင်မည်ကို လေ့လာပါ။
ဥပဒေစိုးမိုးရေး
Meta သည် အွန်လိုင်းနှင့် လက်တွေ့ကမ္ဘာ နှစ်ခုလုံးတို့တွင် အန္တရာယ်ကင်းရှင်းရေးကို မြှင့်တင်ရန်အတွက် သန္နိဋ္ဌာန်ချထားပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေး၊ ဥပဒေစိုးမိုးရေးအဖွဲ့အတွက် လမ်းညွှန်ချက်များ နှင့် အခြား အထောက်အပံ့အရင်းအမြစ်များအကြောင်း ဖတ်ရှုလေ့လာပါ။
သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့် လူသိများသောပုဂ္ဂိုလ်များ
ဂျာနယ်လစ်များ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် လူသိများသောပုဂ္ဂိုလ်များအတွက် လုံခြုံစိတ်ချရသော အသုံးပြုမှုအတွေ့အကြုံကို ရရှိစေရန် Meta မှ မည်ကဲ့သို့ ပံ့ပိုးကူညီသည်ကို လေ့လာပါ။
ဘေးအန္တရာယ်ဆိုင်ရာ ကူညီပံ့ပိုးရေး အရင်းအမြစ်များ
အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်လာပါက သင်တစ်ဦးတည်း ဖြေရှင်းဖို့မလိုကြောင်းကို မှတ်ထားပေးပါ။ ဤသည်မှာ သင့်အနေဖြင့် အရေးပေါ် ကျွမ်းကျင်သူထံမှ ကူညီပံ့ပိုးမှုရယူရာတွင် အထောက်အကူပြုသော အရင်းအမြစ်များ ဖြစ်ပါသည်။
အန္တရာယ်ကင်းရှင်းရေး မိတ်ဖက်များ
အွန်လိုင်း အန္တရာယ်ကင်းရှင်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာနှင့် ပြီးပြည့်စုံသော တုံ့ပြန်မှု လိုအပ်သောကြောင့် ကျွန်ုပ်တို့တစ်ဦးတည်းသာ ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ ချဉ်းကပ်မှုကို အသိပေးရန်အတွက် Meta သည် ကမ္ဘာတစ်ဝှမ်းရှိ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ပါသည်။

လူငယ်များ အန္တရာယ်ကင်းရှင်းရေး

သင်၏ စိတ်ခံစားချက်ဆိုင်ရာ ကျန်းမာရေးနှင့် ချမ်းသာသုခကို ကာကွယ်ရန်အတွက် ဒစ်ဂျစ်တယ်ရပ်ဝန်းများတွင် ဘေးကင်းလုံခြုံစွာ သွားလာအသုံးပြုပုံကို လေ့လာခြင်းသည် အရေးပါပါသည်။ သင်စတင်လေ့လာရာတွင် အထောက်အကူဖြစ်စေရန်အတွက် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အကြံပြုချက်များနှင့် အရင်းအမြစ်များကို ဤနေရာတွင် ဖော်ပြထားပါသည်။

ခြုံငုံသုံးသပ်ချက်

သင်၏ မိဘများနှင့် ဆရာများက သင်အသုံးပြုရန် အက်ပ်များ သို့မဟုတ် ဝက်ဘ်ဆိုက်များကို အကြံပြုနိုင်သော်လည်း သင်၏ အွန်လိုင်းအသုံးပြုမှုပုံစံအတွက် သင်သည်သာလျှင် လုံးဝဥဿုံ တာဝန်ရှိပါသည်။ သင့်အချိန်ကို မျှတအောင် အသုံးချရာတွင် အကူအညီပေးနိုင်သည့် အကြံပြုချက်များနှင့် ကိရိယာများကို ရှာဖွေပြီး သင်၏ စိတ်ခံစားချက်ကောင်းမွန်စေသော ချိတ်ဆက်မှုများကို ဦးစားပေးနေကြောင်း၊ အကူအညီလိုအပ်သည့်အခါတွင် ကူညီပံ့ပိုးမှုကို ရှာဖွေကြောင်းနှင့် အခြားသူများအား ကူညီပေးနေကြောင်းကို သေချာအောင်ပြုလုပ်ပါ။


အနိုင်ကျင့်ခြင်းအား ကိုင်တွယ်ဖြေရှင်းပုံကို သိပါ။

အနိုင်ကျင့်ခြင်းသည် ကြောက်ရွံ့ထိတ်လန့်စေနိုင်ပါသည်။ ဤကဲ့သို့ အခြေအနေကို တွေ့ကြုံရင်ဆိုင်ရပါက သင်လိုအပ်သလိုအသုံးပြုနိုင်မည့် အရင်းအမြစ်များရှိနေခြင်းက အထောက်အကူဖြစ်စေနိုင်ပါသည်။ တစ်စုံတစ်ဦးက အနိုင်ကျင့်ခံနေရသည်ကို သင်တွေ့ရှိလျှင်ဖြစ်စေ၊ သင့်ကို ပစ်မှတ်ထားနေကြောင်း ခံစားရလျှင်ဖြစ်စေ သင့်အား အနိုင်ကျင့်သူဟု ခေါ်ဆိုနေလျှင်ဖြစ်စေ ဤအခြေအနေများအား ကိုင်တွယ်ဖြေရှင်းပုံကို လေ့လာလိုက်ပါ။

သင်၏ ခွင့်ပြုချက်မရှိဘဲ မျှဝေထားသော အတွင်းရေးဓာတ်ပုံများနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းပုံကို လေ့လာလိုက်ပါ။

သဘောတူညီချက်မပါဘဲ အတွင်းရေးဓာတ်ပုံများအား မျှဝေခြင်း သို့မဟုတ် မျှဝေရန် ခြိမ်းခြောက်ခြင်းသည် Meta ၏ မူဝါဒများနှင့် ဆန့်ကျင်နေပါသည်။ ဓာတ်ပုံများကို ဖယ်ရှားရန်၊ ၎င်းတို့အား မျှဝေခြင်း သို့မဟုတ် ထပ်ဆင့်မျှဝေခြင်းကို တားဆီးရန် သင်လုပ်ဆောင်နိုင်သည့် အဆင့်များနှင့် ပံ့ပိုးကူညီမှုဆိုင်ရာ ဝန်ဆောင်မှုများ ရှာဖွေပုံတို့ကို လေ့လာလိုက်ပါ။

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းဆိုသည်မှာ သင်ဆန္ဒမရှိသောအရာများကို လုပ်ဆောင်စေရန် အတွင်းရေးဓာတ်ပုံများ ဖော်ထုတ်မည်ဟု ခြိမ်းခြောက်ခြင်း ဖြစ်ပါသည်။

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းပပျောက်ရေးစင်တာသည် Thorn နှင့် ပူးပေါင်းဆောင်ရွက်ကာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ခံရသူများအတွက် အရင်းအမြစ်များကို ပံ့ပိုးကူညီပေးပါသည်။

သေကြောင်းကြံစည်မှု စိန်ခေါ်မှုများ ပပျောက်ရေး။

ကိုယ့်ကိုယ်ကိုသတ်သေမှု စိန်ခေါ်မှုများသည် အန္တရာယ်ရှိပြီး ၎င်းတို့သည် ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်နေပါသည်။ တစ်စုံတစ်ဦးသည် ကိုယ့်ကိုယ်ကိုသတ်သေမှု စိန်ခေါ်မှုတစ်ခုနှင့်ပတ်သက်ပြီး ပို့စ်တင်ခြင်း သို့မဟုတ် ထိတွေ့ခြင်းကို သင်တွေ့ရှိပါက ၎င်းကို အက်ပ်တွင် တိုက်ရိုက်တိုင်ကြားနိုင်ပါသည်။ ၎င်းကို သူငယ်ချင်းတစ်ဦးက တင်ခဲ့လျှင် သူတို့ကို ကူညီပေးနိုင်မည့် ယုံကြည်ရသော အရွယ်ရောက်ပြီးသူတစ်ဦးထံ ဆက်သွယ်ပါ သို့မဟုတ် ပြောပြပါ။

သင်၏ ကိုယ်ရေးလုံခြုံမှုကို နားလည်ပါ။

ကျွန်ုပ်တို့သည် သင့်အား အွန်လိုင်းကိုယ်ရေးလုံခြုံမှုအပြင် သင့်အား ဘေးကင်းအောင်ထားရှိရာတွင် အကူအညီပေးရန် ရရှိနိုင်သော ဆက်တင်များ၊ ကိရိယာများအကြောင်းကို သိနားလည်စေလိုပါသည်။ သင်မျှဝေသောအရာများကို မြင်တွေ့နိုင်သူများ၊ ဆယ်ကျော်သက်များအတွက် ကြော်ငြာများ ကွဲပြားပုံ၊ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒမှ အဓိကအချက်များသာမက သင်၏ အွန်လိုင်းအန္တရာယ်ကင်းရှင်းရေးကို ပံ့ပိုးပေးရန်အတွက် သင့်မိဘ သို့မဟုတ် အုပ်ထိန်းသူ အသုံးပြုနိုင်သော ကိရိယာများအကြောင်းကို လေ့လာလိုက်ပါ။

တစ်ခုခု မှားသွားပါတယ်
၎င်းဗီဒီယိုကို ဖွင့်ရန် အခက်အခဲရှိနေပါသည်။

အပြုသဘောဆောင်သောပြောင်းလဲမှုကို ဖန်တီးပါ။

အွန်လိုင်းပေါ်တွင် သင်တင်သည့်အရာ၊ မျှဝေသည်အရာနှင့် ထောက်ခံသည့်အရာသည် အပြုသဘောဆောင်သောပြောင်းလဲမှုများကို စတင်နိုင်ခြေ သို့မဟုတ် ဆက်လက်ဖြစ်ပေါ်စေနိုင်ခြေရှိပါသည်။ သင့်တစ်သက်တာလုံး နည်းပညာကို အသုံးပြုရန်နှင့် ဖန်တီးရန်ရည်ရွယ်၍ သင့်အတွက် ဒစ်ဂျစ်တယ် စွမ်းရည်များ တိုးတက်စေရန် ကူညီပေးဖို့ Get Digital ကို ဖန်တီးတည်ဆောက်ထားပါသည်။ ဘေးကင်းအောင်နေထိုင်ခြင်း၊ ခံနိုင်ရည် တည်ဆောက်ခြင်း၊ ကူညီပံ့ပိုးပေးသော အသိုင်းအဝိုင်းများကို ရှာဖွေ၍ ဦးဆောင်ဦးရွက်ပြုခြင်းအပြင် သင့်ကိုယ်တိုင်နှင့် သင်၏ အသိုင်းအဝိုင်းအတွက် အခွင့်အလမ်းများ ဖန်တီးခြင်းစသည်တို့နှင့်ဆိုင်သော အကြံပြုချက်များကို သင်ရှာဖွေတွေ့ရှိပါလိမ့်မည်။

အလားတူအရင်းအမြစ်များ

Meta လိုဂိုတံဆိပ်၊ ပင်မစာမျက်နှာလင့်ခ်

ကျွန်ုပ်တို့ကို စောင့်ကြည့်ပါ

facebook အိုင်ကွန်
Instagram အိုင်ကွန်
YouTube အိုင်ကွန်
Twitter အိုင်ကွန်
LinkedIn အိုင်ကွန်
အန္တရာယ်ကင်းရှင်းရေး ကိရိယာများနှင့် မူဝါဒများကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးစိတ်ကျန်းမာရေးနှင့် ချမ်းသာသုခကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှု တားဆီးရေးအနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းအိုင်တီနှင့်အင်တာနက် တတ်မြောက်မှု