အန္တရာယ်ကင်းရှင်းရေး ကိရိယာများနှင့် မူဝါဒများ
အန္တရာယ်ကင်းရှင်းရေးအတွက် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ကိုယ်စီရှိကြပြီး ကျွန်ုပ်တို့အားလုံး အပြန်အလှန်ဆွေးနွေးတိုင်ပင်ရမည့်အရာ တစ်ခုဖြစ်ပါသည်။ အန္တရာယ်ကင်းရှင်းရေးအတွက် Meta ၏ ချဉ်းကပ်ပုံနည်းလမ်းနှင့် သင်အသုံးပြုနိုင်မည့် ကိရိယာနှင့် အရင်းအမြစ်များအကြောင်းကို လေ့လာပါ။
အွန်လိုင်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး
ကလေးသူငယ်များကို အွန်လိုင်းပေါ်တွင် အမြတ်ထုတ်ခြင်းကို တိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို့၏ အားစိုက်ထုတ်မှုများအပါအဝင် ကျွန်ုပ်တို့၏ နည်းပညာဖန်တီးမှုများအနှံ့ ကလေးသူငယ်အန္တရာယ်ကင်းရှင်းရေးအတွက် Meta ၏ ကျယ်ပြန့်သောချဥ်းကပ်မှုနည်းလမ်းအကြောင်း လေ့လာလိုက်ပါ။
စိတ်ကျန်းမာရေးနှင့် ချမ်းသာသုခ
အွန်လိုင်း ချမ်းသာသုခသည် အလုံးစုံချမ်းသာသုခအတွက် တဖြည်းဖြည်း အရေးပါလာပါသည်။ သင့်ကိုယ်တိုင်၊ သင့်မိသားစုနှင့် သင့်အသိုင်းအဝိုင်းရှိ အခြားသူများအတွက် ဒစ်ဂျစ်တယ် ချမ်းသာသုခကို ပံ့ပိုးပေးသည့် ကိရိယာများနှင့် အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
အနိုင်ကျင့်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်း
Meta သည် အနိုင်ကျင့်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်းကို အလေးအနက်ထား၍ တိုင်ကြားမှုများ ပြုလုပ်ပါသည်။ အနိုင်ကျင့်ခြင်း ကာကွယ်တားဆီးရေး၊ အတွင်းရေးဓာတ်ပုံဆိုင်ရာ အလွဲသုံးစားပြုမှုနှင့်ပတ်သက်သော ကိရိယာများနှင့် ကျွမ်းကျင်သူကျောထောက်နောက်ခံပြု အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
အိုင်တီနှင့်အင်တာနက် တတ်မြောက်မှု
Meta တွင် သင်ယူလေ့လာသူများအနေဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာ၌ ရှင်သန်နိုင်ရန်လိုအပ်သော ကျွမ်းကျင်မှုများနှင့် အသိပညာများရယူနိုင်စေရန်အတွက် အိုင်တီနှင့်အင်တာနက် တတ်မြောက်မှုအရင်းအမြစ်များရှိပါသည်။ လူငယ်များ၊ မိဘများနှင့် ပညာသင်ကြားပေးသူများအတွက် နေရာဒေသအလိုက် လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ထားသော အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
အတွင်းရေးဓာတ်ပုံအလွဲသုံးစားပြုမှုနှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း
Meta သည် သဘောတူညီချက်မရှိသည့် အတွင်းရေး ဓာတ်ပုံများ (NCII) အား မျှဝေခြင်းကို တင်းကြပ်စွာ တားမြစ်ထားပါသည်။ သင်၏ ကိုယ်ရေးကိုယ်တာဓာတ်ပုံများကို တစ်စုံတစ်ဦးက မျှဝေခြင်း သို့မဟုတ် တစ်စုံတစ်ဦးမှ ဤသို့လုပ်ဆောင်ရန် ခြိမ်းခြောက်ခြင်းကြောင့် သင်သည် မတရားအမြတ်ထုတ်ခြင်းခံရပါက မည်ကဲ့သို့ ချက်ချင်း အရေးယူဆောင်ရွက်ရမည်ကို ဤစာမျက်နှာတွင် ရှင်းပြထားပါသည်။
မူးယစ်ဆေးဝါး လွဲမှားစွာအသုံးပြုမှုနှင့် အလွဲသုံစားပြုမှု
ဤအရင်းအမြစ်များသည် မူးယစ်ဆေဝါးအသုံးပြုမှု ကာကွယ်တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သည့် အကူအညီများနှင့် အချက်အလက်များရယူရန် ကြိုးစားနေသူများအတွက်ဖြစ်ပြီး ဤအရင်းအမြစ်များကို Partnership to End Addiction နှင့် Song for Charle တို့နှင့်ပူးပေါင်း၍ ဖန်တီးထားခြင်းဖြစ်ပါသည်။
အမျိုးသမီးများ
ကျွန်ုပ်တို့၏ ပလက်ဖောင်းများကို အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံသော နေရာတစ်ခုအဖြစ် ဖန်တီးရန်အတွက် Meta ၏ ကျယ်ပြန့်သော ချဉ်းကပ်မှုနည်းလမ်းအကြောင်းကို လေ့လာပါ။
LGBTQ+
LGBTQ+ အသိုင်းအဝိုင်းသည် Meta အသိုင်းအဝိုင်း၏ အမြဲတမ်း အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ LGBTQ+ အွန်လိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် သက်ဆိုင်သော ကူညီပံ့ပိုးမှုနှင့် အရင်းအမြစ်များအကြောင်း လေ့လာလိုက်ပါ။
မိဘများ
Meta တွင် အွန်လိုင်းပေါ်ရှိ လူငယ်များ၏ အန္တရာယ်ကင်းရှင်းရေးနှင့် ချမ်းသာသုခကို ကာကွယ်ပေးရန်အတွက် ကျွန်ုပ်တို့အနေဖြင့် မိဘများနှင့် ပြုစုစောင့်ရှောက်ပေးသူများကို မူဝါဒများ၊ အရင်းအမြစ်များနှင့် ကိရိယာများ ပံ့ပိုးပေးပါသည်။
လူငယ်များ အန္တရာယ်ကင်းရှင်းရေး
လူငယ်များ ဘေးကင်းလုံခြုံစွာနေထိုင်ဖို့ ပညာပေးရန်နှင့် အားပေးမြှင့်တင်ရန်၊ သူတို့၏ ချမ်းသာသုခကို ဦးစားပေးရန်၊ အပြုသဘောဆောင်သော ပြောင်းလဲမှုကို ဖန်တီးရန်သာမက အနိုင်ကျင့်ခြင်း သို့မဟုတ် မိမိကိုယ်ကိုသေကြောင်းကြံမည့်အတွေးများကြောင့် ရုန်းကန်နေရသူများကို တားဆီးရန် သို့မဟုတ် တုန့်ပြန်ရန် Meta ၏ ကိရိယာများနှင့် အရင်းအမြစ်များအကြောင်းလေ့လာပါ။
ပညာသင်ကြားပေးသူများ
ကျောင်းသားများအနေဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာ၌ ရှင်သန်တိုးတက်နိုင်ရန်လိုအပ်သော ကျွမ်းကျင်မှုများနှင့် အသိပညာများရယူနိုင်စေရန်အတွက် မည်ကဲ့သို့ ကူညီပေးနိုင်မည်ကို လေ့လာပါ။
ဥပဒေစိုးမိုးရေး
Meta သည် အွန်လိုင်းနှင့် လက်တွေ့ကမ္ဘာ နှစ်ခုလုံးတို့တွင် အန္တရာယ်ကင်းရှင်းရေးကို မြှင့်တင်ရန်အတွက် သန္နိဋ္ဌာန်ချထားပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေး၊ ဥပဒေစိုးမိုးရေးအဖွဲ့အတွက် လမ်းညွှန်ချက်များ နှင့် အခြား အထောက်အပံ့အရင်းအမြစ်များအကြောင်း ဖတ်ရှုလေ့လာပါ။
သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့် လူသိများသောပုဂ္ဂိုလ်များ
ဂျာနယ်လစ်များ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် လူသိများသောပုဂ္ဂိုလ်များအတွက် လုံခြုံစိတ်ချရသော အသုံးပြုမှုအတွေ့အကြုံကို ရရှိစေရန် Meta မှ မည်ကဲ့သို့ ပံ့ပိုးကူညီသည်ကို လေ့လာပါ။
ဘေးအန္တရာယ်ဆိုင်ရာ ကူညီပံ့ပိုးရေး အရင်းအမြစ်များ
အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်လာပါက သင်တစ်ဦးတည်း ဖြေရှင်းဖို့မလိုကြောင်းကို မှတ်ထားပေးပါ။ ဤသည်မှာ သင့်အနေဖြင့် အရေးပေါ် ကျွမ်းကျင်သူထံမှ ကူညီပံ့ပိုးမှုရယူရာတွင် အထောက်အကူပြုသော အရင်းအမြစ်များ ဖြစ်ပါသည်။
အန္တရာယ်ကင်းရှင်းရေး မိတ်ဖက်များ
အွန်လိုင်း အန္တရာယ်ကင်းရှင်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာနှင့် ပြီးပြည့်စုံသော တုံ့ပြန်မှု လိုအပ်သောကြောင့် ကျွန်ုပ်တို့တစ်ဦးတည်းသာ ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ ချဉ်းကပ်မှုကို အသိပေးရန်အတွက် Meta သည် ကမ္ဘာတစ်ဝှမ်းရှိ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ပါသည်။

အန္တရာယ်ကင်းရှင်းရေးစင်တာ

ကျွန်ုပ်တို့၏ Meta တွင် ကျွန်ုပ်တို့၏ နည်းပညာဖန်တီးမှုများကို လူတိုင်းအတွက် ပိုမိုကောင်းမွန်သောနေရာအဖြစ် ဖန်တီးရန်အတွက် ကျယ်ပြန့်သောချဥ်းကပ်မှုနည်းလမ်းဖြင့် လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့၏ ပလက်ဖောင်းများတွင် သင့်အားလုံခြုံအောင်ထားရှိရန် ကျွန်ုပ်တို့ ဆောင်ရွက်နေပုံကို လေ့လာလိုက်ပါ။

ဘေးကင်းလုံခြုံရေး စင်တာကို ရှာဖွေရန်

အကြောင်းအရာ သို့မဟုတ် အသိုင်းအဝိုင်းအလိုက် ရှာဖွေရန်

အကြောင်းအရာများ

သင်သည် လက်တလောတွင် ပြဿနာတစ်ရပ်နှင့် ရင်ဆိုင်နေရ၍ဖြစ်စေ သင်၏ အွန်လိုင်း အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရန် နည်းလမ်းရှာဖွေနေလျှင်ဖြစ်စေ ကျွန်ုပ်တို့ ကူညီပေးလိုပါသည်။ ကျွန်ုပ်တို့၏ နည်းပညာဖန်တီးမှုများတစ်လျှောက်ရှိ ကျွမ်းကျင်သူကျောထောက်နောက်ခံပြု အန္တရာယ်ကင်းရှင်းရေးအရင်းအမြစ်များနှင့် ကိရိယာများကို ရှာဖွေလေ့လာလိုက်ပါ။

အကြောင်းအရာအားလုံးကို ကြည့်ရန်

အသိုင်းအဝိုင်းများ

ကျွန်ုပ်တို့၏ပန်းတိုင်မှာ လူမှုအဖွဲ့အစည်းအား တည်ဆောက်ပြီး ကမ္ဘာကြီးတွင် လူတစ်ဦးနှင့်တစ်ဦး အတူတကွ ပိုမိုနီးစပ်လာအောင် ခေါ်ဆောင်ပေးနိုင်သော စွမ်းရည်မျိုး ပေးရန်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့၏ နည်းပညာဖန်တီးမှုများပေါ်တွင် လူများ လုံခြုံစိတ်ချမှုကို မခံစားရပါက ဤအရာများ မဖြစ်လာနိုင်ပါ။ အန္တရာယ်ကင်းရှင်းရေးအတွက် ကျွန်ုပ်တို့၏ ချဥ်းကပ်မှုနည်းလမ်းတွင် ကျွန်ုပ်တို့၏ ပလက်ဖောင်းများပေါ်၌ ခွင့်ပြုထားသောအရာ၊ ခွင့်မပြုထားသောအရာများနှင့်ပတ်သက်သော မူဝါဒများကို ရှင်းရှင်းလင်းလင်း ရေးဆွဲခြင်း၊ အနိုင်ကျင့်စော်ကားမှုများ ဖြစ်ပွားမှု မဖြစ်ပွားခင်ကပင် ထုတ်ဖော်ရန်နှင့် တားဆီးရန်အတွက် ခေတ်မီနည်းပညာ ဖန်တီးရေးဆွဲခြင်းသာမက လူအများ သူတို့၏ သက်ဝင်ခံစားမှုကို ထိန်းချုပ်ရန် သို့မဟုတ် အကူအညီရယူရန်အတွက် အကူအညီဖြစ်စေသော ကိရိယာများနှင့် အရင်းအမြစ်များ ပံ့ပိုးပေးခြင်းတို့ ပါဝင်ပါသည်။ သင်နှင့် သင်ချစ်ခင်ရသူများအတွက် ဘေးကင်းလုံခြုံသော သက်ဝင်ခံစားမှုများကို ပေးအပ်ရန် ကျွန်ုပ်တို့ လုပ်ဆောင်နေပုံတို့ကို ပိုမိုလေ့လာလိုက်ပါ။

အသိုင်းအဝိုင်းအားလုံးကို ကြည့်ရန်

အသားပေးဖော်ပြထားသော အရင်းအမြစ်များ

ကျွန်ုပ်တို့သည် သင်၏ အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးရန်ရည်ရွယ်၍ မူဝါဒများ၊ ကိရိယာများနှင့် အရင်းအမြစ်များကို ဖန်တီးရန်အတွက် အမျိုးစုံသော ပြဿနာနယ်ပယ်များတွင် ကျွမ်းကျင်သော ကျွမ်းကျင်ပညာရှင်များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပါသည်။ ပိုမိုလေ့လာရန်အတွက် ကျွန်ုပ်တို့၏ ဒေါင်းလုဒ်လုပ်၍ရသော အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အရင်းအမြစ်များကို ကြည့်လိုက်ပါ။ ဤအရင်းအမြစ်များကို အလုပ်၊ ကျောင်းနှင့် အခြား လူမှုအသိုင်းအဝိုင်း ဆက်တင်များတွင် မျှဝေပါ။

အရင်းအမြစ်အားလုံးကို ကြည့်ရန်

အကူအညီစင်တာ

Meta လိုဂိုတံဆိပ်၊ ပင်မစာမျက်နှာလင့်ခ်

ကျွန်ုပ်တို့ကို စောင့်ကြည့်ပါ

facebook အိုင်ကွန်
Instagram အိုင်ကွန်
YouTube အိုင်ကွန်
Twitter အိုင်ကွန်
LinkedIn အိုင်ကွန်
အန္တရာယ်ကင်းရှင်းရေး ကိရိယာများနှင့် မူဝါဒများကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးစိတ်ကျန်းမာရေးနှင့် ချမ်းသာသုခကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှု တားဆီးရေးအနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းအိုင်တီနှင့်အင်တာနက် တတ်မြောက်မှု